သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
လုကာ 23:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “ဤသူသည် ပြည်သူလူထုကို လမ်းမှားစေ၍ ဆီဇာဘုရင်ထံ အခွန်ပေးဆောင်ခြင်းအား တားမြစ်နေသည်ကိုလည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်ဟူသော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။ Common Language Bible ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။ Garrad Bible ဤ သူ သည် ကျွန် တော် တို့ လူ မျိုး ကို မှောက် မှား စေ လျက်၊ ကဲ သာ မင်း အား အ ခွန် မ ဆက် ရ ဟု မြစ် တား လျက်၊ ကိုယ် တိုင် ခ ရစ် တော် တည်း ဟူ သော ဘု ရင် မင်း ဖြစ် ကြောင်း ဆို လျက် နေ သည် ကို ကျွန် တော် တို့ တွေ့ ပါ သည် ဟု စွဲ ဆို ကြ၏။ Judson Bible ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “ဤသူသည် ဆီဇာဧကရာဇ်အား အခွန်တော်မဆက်သရန်တားမြစ်ကာ မိမိကိုယ်ကို ခရစ်တော်တည်းဟူသောဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆို၍ အကျွန်ုပ်တို့၏ပြည်သူလူထုကို ဖောက်ပြန်လမ်းလွဲစေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်”ဟု ကိုယ်တော်ကိုစွပ်စွဲပြောဆိုကြ၏။ မြန်မာ ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။- |
သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
သူတို့က “ဆီဇာဘုရင်၏ ပုံနှင့်အမည် ပါရှိသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှုက “သို့ဖြစ်လျှင် ဆီဇာဘုရင်နှင့်ဆိုင်သောအရာများကို ဆီဇာဘုရင်အား ပေးဆောင်ကြလော့။ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အား ပေးဆောင်ကြလော့” ဟု ထိုသူတို့အား မိန့်တော်မူ၏။
ယေရှုသည် ရောမဘုရင်ခံ ပိလတ်မင်းရှေ့၌ ရပ်တော်မူရာ ပိလတ်မင်းက “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုကလည်း “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
ထိုအခါ ယေရှုက “သို့ဖြစ်လျှင် ဆီဇာဘုရင်နှင့်ဆိုင်သောအရာများကို ဆီဇာဘုရင်အား ပေးဆောင်ကြလော့။ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အား ပေးဆောင်ကြလော့” ဟု ထိုသူတို့ကို မိန့်တော်မူလျှင် သူတို့သည် အံဩကြ၏။
ပိလတ်မင်းက ယေရှုအား “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုက “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ပြန်၍ ဖြေတော်မူ၏။
“သင်တို့သည် ဤလူအား လူထုကို ပုန်ကန်စေသူအဖြစ် ငါ့ထံသို့ ခေါ်ဆောင်လာသဖြင့် သင်တို့ရှေ့တွင် ငါစစ်ဆေး၏။ သို့သော်လည်း သင်တို့စွပ်စွဲထားသော ပြစ်မှုများ၌ မည်သည့်ပြစ်ချက်ကိုမျှ သူ့ထံတွင် ငါမတွေ့ရ။
သို့သော် သူတို့က “ဤသူသည် ဂါလိလဲပြည်မှစ၍ ဤဒေသထိတိုင်အောင် ယုဒပြည်တစ်လျှောက်လုံး ဟောပြောသွန်သင်၍ လူတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေပါသည်” ဟု ပို၍ပြင်းထန်စွာ ပြောဆိုကြ၏။
ထို့ကြောင့် ဘုရင်ခံပိလတ်မင်းသည် ထိုသူတို့ ရှိရာသို့ ထွက်လာ၍ “သင်တို့သည် ဤလူ အပေါ်၌ မည်သည့်စွဲချက်ကို တင်ကြသနည်း” ဟု မေး၏။
သူတို့က “ဤသူသည် ရာဇဝတ်သားမဟုတ်လျှင် သူ့ကို အရှင့်ထံ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ” ဟု လျှောက်ကြ၏။
ထိုအခါ ပိလတ်မင်းသည် ယေရှုကို လွှတ်ပေးရန် နည်းလမ်းရှာကြံလေ၏။ သို့သော် ဂျူးခေါင်းဆောင်များက “ထိုသူကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဘုရင်၏မိတ်ဆွေ မဟုတ်ပါ။ မိမိကိုယ်ကိုယ် ဘုရင်ဖြစ်သည်ဟူ၍ ကြေညာသောသူသည် ဆီဇာဘုရင်ကို ပုန်ကန်သူဖြစ်ပါ၏” ဟု အော်ဟစ်၍ ပြောဆိုကြ၏။
ဤလူသည် ပြဿနာကိုဖန်းတီးသောသူ၊ ဆူပူအုံကြွမူဖြစ်ရန် ကမ္ဘာအရပ်ရပ်ရှိဂျူးတို့ကို လှုံ့ဆော်နေသူဖြစ်သည့်အပြင် နာဇရက်ဂိုဏ်း၏ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်ကို တွေ့ရှိရပါ၏။
ပေးဆောင်ထိုက်သည်ကို ပေးဆောင်ကြလော့။ အခွန်ဆောင်စရာရှိလျှင် ပေးဆောင်ကြလော့။ အကောက်ဆောင်စရာရှိလျှင် ပေးဆောင်ကြလော့။ ကြောက်ရွံ့ထိုက်သူကို ကြောက်ရွံ့၍ ရိုသေထိုက်သူကို ရိုသေကြလော့။