Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 23:2 - မြန်မာ

2 ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို​နောက်​သူ​တို့​က ``ဤ​သူ​သည်​ပြည်​သူ​တို့​အား လမ်း​လွဲ​စေ​ရန် ကဲ​သာ​ဘု​ရင်​အား​အ​ခွန်​တော် မ​ပေး​မ​ဆက်​နှင့်​ဟု​တား​မြစ်​သည်​ကို​လည်း ကောင်း၊ မိ​မိ​ကိုယ်​ကို​မေ​ရှိ​ယ​တည်း​ဟူ​သော ဘု​ရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြော​ဆို​သည်​ကို လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​၏'' ဟု ဆို​၍​ကိုယ်​တော်​ကို​စွပ်​စွဲ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဤ သူ သည် ကျွန် တော် တို့ လူ မျိုး ကို မှောက် မှား စေ လျက်၊ ကဲ သာ မင်း အား အ ခွန် မ ဆက် ရ ဟု မြစ် တား လျက်၊ ကိုယ် တိုင် ခ ရစ် တော် တည်း ဟူ သော ဘု ရင် မင်း ဖြစ် ကြောင်း ဆို လျက် နေ သည် ကို ကျွန် တော် တို့ တွေ့ ပါ သည် ဟု စွဲ ဆို ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို​သူတို့​က “ဤ​သူ​သည် ပြည်သူလူထု​ကို လမ်းမှားစေ​၍ ဆီဇာဘုရင်​ထံ အခွန်​ပေးဆောင်ခြင်း​အား တားမြစ်နေသည်​ကို​လည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်​ဟူသော ရှင်ဘုရင်​တစ်ပါး​ဖြစ်ကြောင်း ပြောဆိုနေသည်​ကို​လည်းကောင်း အကျွန်ုပ်တို့​တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:2
33 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​မှ​စ၍ ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွှတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ ယု​ဒ​လူ​တို့​က​လည်း၊ ထို​သူ​ကို​လွှတ်​လျှင် ကိုယ်​တော်​သည် ကဲ​သာ​ဘု​ရင်၏​အ​ဆွေ မ​ဟုတ်​ပါ။ ရှင်​ဘု​ရင်​လုပ်​သော​သူ​မည်​သည်​ကား၊ ကဲ​သာ​ဘု​ရင်၏​ရန်​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ၏။


ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။-


ဤ​သူ​သည် လူ​ဆိုး​မ​ဟုတ်​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၌​မ​အပ်​ပါ​ဟု လျှောက်​ကြ၏။-


ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား၊ ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို သူ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။


ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏ ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-


ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။


ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု ကိုယ်​တော်​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ထို​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​သို့​ထွက်၍ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို တင်​ကြ​သ​နည်း​ဟု မေး​သော်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ