Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 23:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 “သင်တို့​သည် ဤ​လူ​အား လူထု​ကို ပုန်ကန်စေသူ​အဖြစ် ငါ့​ထံသို့ ခေါ်ဆောင်လာ​သဖြင့် သင်တို့​ရှေ့​တွင် ငါ​စစ်ဆေး၏။ သို့သော်လည်း သင်တို့​စွပ်စွဲထားသော ပြစ်မှုများ​၌ မည်သည့်​ပြစ်ချက်​ကိုမျှ သူ့​ထံတွင် ငါ​မတွေ့ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ပိ လတ် မင်း က ပြည် သူ ပြည် သား တို့ အား မှောက် မှား စေ သူ အ ဖြစ် ဖြင့် ဤ သူ့ ကို ငါ့ ထံ သင် တို့ သွင်း ခဲ့ ရာ သင် တို့ ရှေ့ ငါ စစ် ဆေး သည့် ကာ လ စွဲ ဆို ကြ သည့် ပြစ် မှု တစ် စုံ တစ် ရာ မ တွေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 “သင်​တို့​သည် လူထု​ကို​မှားယွင်း​စေရန်​လှုံ့ဆော်​သူ​အဖြစ် ဤ​သူ​ကို ငါ့​ထံသို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်ဆေး​ခဲ့​သော်လည်း ဤ​သူ​အပေါ် သင်​တို့​စွပ်စွဲ​သည့်​အပြစ်​တစ်စုံတစ်ခု​မျှ​မ​တွေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

14 ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:14
10 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ပိလတ်မင်း​သည် တရားခွင်​တွင် ထိုင်​နေစဉ် သူ​၏ ဇနီး​က “ထို​အပြစ်ကင်းသော​သူ​အား မည်သည့်အရာ​ကို​မျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မနေ့​ည​က အိပ်မက်တွင် ထို​သူ​နှင့်​ပတ်သက်၍ အလွန်​စိတ်ဒုက္ခ​ရောက်ရပါ၏” ဟု ပိလတ်မင်း​ထံသို့ သတင်းပို့လေ၏။


ပိလတ်မင်း​သည် မိမိ​ဆက်လက်​ပြောဆို​ရန် မည်သို့မျှ​မဖြစ်နိုင်ကြောင်း​နှင့် လူထု ရုန်းရင်းဆန်ခတ်​ဖြစ်လာမည့်​အခြေအနေ​ကို မြင်လေ၏။ ထို့ကြောင့် လူထု​ရှေ့တွင် ရေဇလုံ​၌ သူ​၏ လက်​ကို ဆေး​ကာ “ဤ​သူ​သေရခြင်း​မှာ ငါ​၏ တာဝန်​မဟုတ်။ သင်တို့​၏ တာဝန်သာ​ဖြစ်သည်” ဟု ဆိုလေ၏။


“ကျွန်ုပ်​သည် အပြစ်ကင်းသောသူ​ကို သစ္စာဖောက်​၍ အပြစ်​ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထို​သူတို့​က “ဤ​ကိစ္စ​သည် ငါတို့​နှင့် မည်သို့​ဆိုင်သနည်း။ သင့်​ကိစ္စ​ကို သင်​ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။


ရောမ​တပ်မှူး​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။


ထို​အရှင်​ထံတွင် သေဒဏ်ပေး​ထိုက်သော​ပြစ်ချက်​ကို မတွေ့ရ​သော်လည်း သေဒဏ်ပေး​ရန် ပိလတ်မင်း​အား​တောင်းဆိုကြ၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


ထို​ယဇ်ပုရောဟိတ်မင်း​သည် သန့်ရှင်းသူ၊ အပြစ်​ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့​နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ​၌ အကြီးမြတ်ဆုံးသော နေရာ​သို့ ချီးမြှောက်​ခံရသူ​ဖြစ်​သောကြောင့် ကျွန်ုပ်တို့​လိုအပ်နေသော​ယဇ်ပုရောဟိတ်မင်း​မျိုး ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ