ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
လုကာ 22:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သတ်မှတ်ထားသည့်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုသစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။ Common Language Bible လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။ Judson Bible ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း လူ့သားသည်ချမှတ်ထားခြင်းခံရသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ မြန်မာ ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။- |
ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒသည် ထိုငွေဒင်္ဂါးပြားသုံးဆယ်ကို ဗိမာန်တော်၌ ပစ်ချ၍ ထွက်သွား၏။ ထို့နောက် အခြားတစ်နေရာသို့ သွားပြီးလျှင် မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ အဆုံးစီရင်လေ၏။
ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
တပည့်တော်တို့သည်လည်း မိမိတို့အနက် မည်သူသည် ဤအမှုကို ကျူးလွန်မည်နည်းဟု အချင်းချင်းမေးမြန်းကြလေ၏။
ယေရှုက “ကျမ်းစာတော်တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူမည်။
အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
ယေရှုခရစ်တော်က မိမိသည် အသက်ရှင်သောသူနှင့် သေသောသူတို့အား တရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောသူ ဖြစ်ကြောင်းကို လူတို့အား သက်သေခံဟောပြောရန် ကျွန်ုပ်တို့အား မှာကြားထား၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။