သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းခံရသည့် အာဗြဟံ၏မျိုးဆက်ဖြစ်သော ဤအမျိုးသမီးသည် ဥပုသ်နေ့တွင် လွတ်ခွင့်မရသင့်သလော” ဟု မိန့်တော်မူ၏။
လုကာ 19:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤသူသည် အာဗြဟံ၏မျိုးဆက်ဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်တွင် သက်ရောက်လေပြီ။ Common Language Bible သခင်ယေရှုက ``ဤသူသည်လည်းအာဗြဟံ ၏သားမြေးဖြစ်သဖြင့်ကယ်တင်ခြင်းကျေးဇူး သည်ယနေ့ပင်ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။- Garrad Bible ယေ ရှု က ဤ သူ လည်း အာ ဗြ ဟံ၏ သား မှန် သည့် အ တိုင်း ကယ် တင် တော် မူ ခြင်း သည် ဤ အိမ် သို့ ယ နေ့ ရောက် လေ ပြီ။ Judson Bible ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။ အကြောင်းမူကား သူသည်လည်း အာဗြဟံ၏သားဖြစ်၏။ မြန်မာ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။- |
သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းခံရသည့် အာဗြဟံ၏မျိုးဆက်ဖြစ်သော ဤအမျိုးသမီးသည် ဥပုသ်နေ့တွင် လွတ်ခွင့်မရသင့်သလော” ဟု မိန့်တော်မူ၏။
ထိုအခါ ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူများသည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ သူဌေးကြီးက ‘အဖအာဗြဟံ… အကျွန်ုပ်ကို သနားပါ။ အကျွန်ုပ်သည် မီးတောက်များထဲတွင် ပြင်းထန်စွာ ဝေဒနာခံစားနေရပါ၏။ သို့ဖြစ်၍ လာဇရုကို စေလွှတ်၍ သူ၏လက်ဖျားကို ရေ၌ နှစ်စေကာ အကျွန်ုပ်လျှာကို အေးစေပါ’ ဟု တောင်းပန်ပြောဆို၏။
သူဌေးကြီးကလည်း ‘အဖအာဗြဟံ… ထိုသို့မဟုတ်ပါ။ သေလွန်သူထဲမှ တစ်စုံတစ်ဦး သွားရောက်ပါက သူတို့သည် နောင်တရကြပါလိမ့်မည်’ ဟု ဆိုပြန်၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် ကိုယ်တော်ထံမှ လာသော ကယ်တင်ရှင်ကို မြင်ရပြီဖြစ်သောကြောင့်ပင်။
အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်အားဖြင့် သက်သေထူကြလော့။ ‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်းဆင်းတော်မူနိုင်၏။
ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အာဗြဟံ၏ သားသမီးများဖြစ်ကြသည်ကို သိမှတ်ကြလော့။
တစ်ချိန်က သင်တို့သည် ဘုရားသခင်၏လူမျိုးမဟုတ်သော်လည်း ယခု သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြပြီ။ တစ်ချိန်က သင်တို့သည် ကရုဏာတော်ကို မခံစားရသော်လည်း ယခုတွင် ကရုဏာတော်ကို ခံစားကြရပြီ။