လုကာ 16:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း30 သူဌေးကြီးကလည်း ‘အဖအာဗြဟံ… ထိုသို့မဟုတ်ပါ။ သေလွန်သူထဲမှ တစ်စုံတစ်ဦး သွားရောက်ပါက သူတို့သည် နောင်တရကြပါလိမ့်မည်’ ဟု ဆိုပြန်၏။ အခန်းကိုကြည့်ပါ။Common Language Bible30 သို့ရာတွင်သူဌေးက `အဖအာဗြဟံ၊ ထိုသို့ မဟုတ်ပါ။ အကယ်၍သေလွန်သူများအနက် တစ်ယောက်သောသူသည် သူတို့ထံသို့သွားသည် ရှိသော်သူတို့သည်နောင်တရကြပါလိမ့်မည်' ဟုဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible30 မ ဟုတ် ပါ အ ဘ အာ ဗြ ဟံ၊ သူ သေ တို့ အ ထဲ မှ တစ် ယောက် ယောက် သွား လျှင် နောင် တ ရ ကြ ပါ လိမ့် မည် ဟု လျှောက် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible30 သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 သူဌေးကလည်း ‘အဖအာဗြဟံ၊ ထိုသို့မဟုတ်ပါ။ သေသောသူတို့ထဲမှ တစ်စုံတစ်ယောက်သည် သူတို့ထံသို့သွားလျှင် သူတို့နောင်တရကြပါလိမ့်မည်’ဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ30 သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော်၊- အခန်းကိုကြည့်ပါ။ |
အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်အားဖြင့် သက်သေထူကြလော့။ ‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်းဆင်းတော်မူနိုင်၏။