လုကာ 15:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သားကြီးဖြစ်သူသည် ဒေါသထွက်၍ အိမ်ထဲသို့ မဝင်ဘဲနေ၏။ ဖခင်သည် အိမ်ပြင်သို့ ထွက်လာ၍ သူ့အား ဖျောင်းဖျပြောဆိုလေ၏။ Common Language Bible သားကြီးသည်စိတ်ဆိုးလျက်အိမ်ထဲသို့မဝင် ဘဲနေ၏။ ဖခင်သည်အပြင်သို့ထွက်လာ၍ သားကြီးအားအိမ်ထဲသို့ဝင်ရန်ဖျောင်းဖျ၏။- Garrad Bible သား ကြီး သည် အ မျက် ထွက် သ ဖြင့် မ ဝင် လို ဘဲ ရှိ နေ ရာ ထွက် လာ တိုက် တွန်း သော အ ဘ အား၊ Judson Bible အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သားကြီးသည် အမျက်ထွက်၍ အထဲသို့မဝင်လိုသောကြောင့် သူ၏ဖခင်သည် အပြင်သို့ထွက်လာ၍ သူ့ကိုဖျောင်းဖျလေ၏။ မြန်မာ အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- |
အနာကြီးရောဂါသည် တစ်ဦးသည် ယေရှုရှေ့တော်သို့ လာ၍ ဒူးထောက်လျက် ကုသပေးတော်မူရန် တောင်းပန်၏။ ထိုသူက “ကိုယ်တော်အလိုတော်ရှိပါက အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။
အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
အစေခံက ‘သင်၏ညီ ပြန်ရောက်လာပါပြီ။ သူသည် ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာသည့်အတွက်ကြောင့် သင့်ဖခင်က ဆူဖြိုးသောနွားကလေးကို သတ်စေပါပြီ’ ဟု ဖြေ၏။
သို့သော် သူသည် ဖခင်အား ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့စကား တစ်ခွန်းကိုမျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများနှင့်အတူ ပျော်ပွဲရွှင်ပွဲကျင်းပရန် အဖေသည် ကျွန်ုပ်အား ဆိတ်ငယ်ကလေးတစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
သို့သော် ဖာရိရှဲများနှင့် သူတို့ထဲမှ ကျမ်းတတ်ဆရာများက “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့အား ဝေဖန်ပြစ်တင်ကြ၏။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
သို့သော် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ဂျူးများရောက်လာ၍ လူထုကို သိမ်းသွင်းပြီးလျှင် ပေါလုအား ကျောက်ခဲနှင့်ပေါက်ကာ သေပြီအထင်ဖြင့် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သို့ရာတွင် ယုံကြည်သက်ဝင်မှုမရှိသောဂျူးများက လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ယုံကြည်သူများအပေါ် မုန်းတီးစိတ်ဖြစ်စေကြ၏။
အစ္စရေးလူမျိုးတို့သည် အမှန်ပင်မသိကြသလောဟု ကျွန်ုပ် ထပ်မံ၍ မေးလို၏။ အမှန်ပင် သိကြ၏။ အဘယ်ကြောင့်ဆိုသော် မောရှေခေတ်ကာလ၌ ဘုရားသခင်က “ငါသည် လူမျိုးစုပင်မဟုတ်သော လူတို့အားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေမည်။ ပညာမဲ့သော လူမျိုးခြားများအားဖြင့်လည်း သင်တို့ကို ဒေါသထွက်စေမည်” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။