သင်တို့သည် ငါ့စကားကို လက်ခံနိုင်ပါက ‘ဧလိယကြွလာမည်’ ဟူသော ပရောဖက်များ၏ ဟောပြောချက်သည် ယောဟန်ကို ရည်ညွှန်း၏။
လုကာ 1:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဖခင်တို့နှင့် သားသမီးတို့ကို ပြန်လည်သင့်မြတ်စေရန်လည်းကောင်း၊ မနာခံသောသူတို့အား ဖြောင့်မတ်သောသူတို့၏ အသိဉာဏ်ကို ရရှိစေရန်လည်းကောင်း ဧလိယ၏ဝိညာဉ်နှင့် တန်ခိုးတို့ဖြင့် ပြည့်စုံလျက် ကိုယ်တော်၏ ရှေ့တော်ပြေးအဖြစ် သွားလိမ့်မည်။ ဤသည်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားသောလူတို့ကို အသင့်ဖြစ်စေရန်ပင် ဖြစ်၏” ဟု ဆို၏။ Common Language Bible ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။ Garrad Bible အ ဘ တို့ ကို သား တို့ နှင့် သ ဘော တူ စေ လျက် နား မ ထောင် သူ တို့ ကို သူ တော် ကောင်း တို့ အ သိ ပ ညာ သို့ ဝင် စေ လျက် ထာ ဝ ရ ဘု ရား အ ဖို့ လူ တစ် မျိုး ကို အ သင့် ပြင် ဆင် အံ့ သော ငှါ ဧ လိ ယ၏ ဝိ ညာဉ် နှင့် တန် ခိုး ကို ဆောင်၍ ရှေ့ တော် က သွား ရ လိမ့် မည် ဟု ဆို ရာ၊ Judson Bible အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း အဖတို့၏စိတ်နှလုံးတို့ကို သားသမီးတို့ထံသို့လည်းကောင်း၊ နာခံခြင်းမရှိသောသူတို့ကို ဖြောင့်မတ်သောသူတို့၏အသိပညာထဲသို့လည်းကောင်း ပြန်လှည့်လာစေရန်နှင့် ပြင်ဆင်ထားသောလူမျိုးတော်ကို ထာဝရဘုရားအတွက်အသင့်ဖြစ်စေရန် ဧလိယ၏ဝိညာဉ်နှင့်တန်ခိုးတို့ဖြင့် ကိုယ်တော်၏ရှေ့တော်မှ ဦးစွာသွားနှင့်မည်”ဟု မြွက်ဆိုလေ၏။ မြန်မာ အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။- |
သင်တို့သည် ငါ့စကားကို လက်ခံနိုင်ပါက ‘ဧလိယကြွလာမည်’ ဟူသော ပရောဖက်များ၏ ဟောပြောချက်သည် ယောဟန်ကို ရည်ညွှန်း၏။
ပရောဖက်ဟေရှာယက “တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေသည်မှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟူ၍ ဖြစ်၏” ဟု ဟောပြောရာတွင် ဤယောဟန်ကို ဆိုလို၏။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့် ရက်လုပ်သောအဝတ်ကို ဝတ်၍ ခါး၌ သားရေခါးပတ်ကို စည်း၏။ သူသည် ကျိုင်းကောင်နှင့် တောပျားရည်တို့ကို စားသုံး၏။
သူသည် အစ္စရေးလူမျိုးများစွာကို သူတို့၏ဘုရားသခင် ထာဝရဘုရားထံသို့ ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။
အို သူငယ်… သင်သည် အမြင့်မြတ်ဆုံးသောဘုရားသခင်၏ပရောဖက်ဟု အခေါ်ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ခရစ်တော်ကြွလာရာလမ်းကို ပြင်ဆင်ပေးရမည့်သူဖြစ်၏။
ထိုသူတို့သည် လူ့သဘာဝအရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ လူ့အလိုဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်က မွေးဖွားစေတော်မူသောသူများဖြစ်ကြ၏။
မိန့်တော်မူသည့်အတိုင်း ဖြစ်ပျက်သည်ကို ငါမြင်သောကြောင့် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ငါသက်သေခံသည်” ဟု ဆိုလေ၏။
‘ငါသည် ခရစ်တော်မဟုတ်။ ခရစ်တော်၏ ရှေ့တော်ပြေးသာ ဖြစ်သည်’ ဟု ရှင်းလင်းစွာ ငါပြောသည်ကို သင်တို့သိကြ၏။
ထို့ကြောင့် ကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းပင် လူလွှတ်၍ခေါ်ရာ သင်ရောက်ရှိလာသည်မှာ ကောင်းမွန်လှ၏။ သို့ဖြစ်၍ သင့်အားဖြင့် သခင်ဘုရားမိန့်တော်မူသမျှကို နားထောင်ရန် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် အသင့်ရှိနေကြပါသည်” ဟု ဆိုလေ၏။
ဤသို့ပြုတော်မူခြင်းမှာ ဘုရားသခင်သည် မိမိဘုန်းတော်၏ကြွယ်ဝခြင်းကို မိမိကရုဏာထားတော်မူသောသူတို့ သိစေရန် ဖြစ်၏။ ထိုသူတို့မှာ ဘုန်းတော်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းခံရသောသူများ ဖြစ်ကြ၏။
အလင်းနိုင်ငံတော်၌နေသော ယုံကြည်သူလူစုထဲတွင် ဝင်ရောက်ခွင့်ထိုက်သူ ဖြစ်စေတော်မူသော အဖဘုရားသခင်ကို ကျေးဇူးတင်ကြရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
တစ်စုံတစ်ယောက်သည် အထက်ပါမကောင်းသောအကျင့်တို့ကို ဖယ်ရှားလျှင် သူသည် အိမ်ရှင်အတွက် သန့်ရှင်း၍ အသုံးဝင်သည့် ဂုဏ်သရေရှိအသုံးအဆောင်၊ ကောင်းသောအရာများအတွက် ပြင်ဆင်သောအသုံးအဆောင် ဖြစ်လာမည်။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
သားသမီးတို့… ကိုယ်တော်ကြွလာတော်မူသောအခါ ကျွန်ုပ်တို့သည် ရှေ့တော်၌ ရှက်ကြောက်နေစရာမလိုဘဲ စိတ်ချယုံကြည်မှုရှိနိုင်ရန်အတွက် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့ပေါ်တွင် ထိုင်နေသောသူတို့ကို ကျွန်ုပ်မြင်ရ၏။ ထိုသူတို့သည် တရားစီရင်ရန် အခွင့်အာဏာအပ်နှင်းခံကြရ၏။ သခင်ယေရှုအကြောင်းကို သက်သေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောကြောင့် ခေါင်းဖြတ်ခံရသောသူတို့၏ ဝိညာဉ်များကိုလည်း ကျွန်ုပ်မြင်ရ၏။ သူတို့သည် သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို မကိုးကွယ်ကြ။ သူတို့၏နဖူးနှင့် လက်များတွင် သားရဲ၏အမှတ်တံဆိပ်ကို မခံယူကြ။ သူတို့သည် အသက်ပြန်ရှင်၍ ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် အုပ်စိုးကြရ၏။