လုကာ 1:17 - မြန်မာ17 အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။- အခန်းကိုကြည့်ပါ။Common Language Bible17 ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible17 အ ဘ တို့ ကို သား တို့ နှင့် သ ဘော တူ စေ လျက် နား မ ထောင် သူ တို့ ကို သူ တော် ကောင်း တို့ အ သိ ပ ညာ သို့ ဝင် စေ လျက် ထာ ဝ ရ ဘု ရား အ ဖို့ လူ တစ် မျိုး ကို အ သင့် ပြင် ဆင် အံ့ သော ငှါ ဧ လိ ယ၏ ဝိ ညာဉ် နှင့် တန် ခိုး ကို ဆောင်၍ ရှေ့ တော် က သွား ရ လိမ့် မည် ဟု ဆို ရာ၊ အခန်းကိုကြည့်ပါ။Judson Bible17 အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 အဖတို့၏စိတ်နှလုံးတို့ကို သားသမီးတို့ထံသို့လည်းကောင်း၊ နာခံခြင်းမရှိသောသူတို့ကို ဖြောင့်မတ်သောသူတို့၏အသိပညာထဲသို့လည်းကောင်း ပြန်လှည့်လာစေရန်နှင့် ပြင်ဆင်ထားသောလူမျိုးတော်ကို ထာဝရဘုရားအတွက်အသင့်ဖြစ်စေရန် ဧလိယ၏ဝိညာဉ်နှင့်တန်ခိုးတို့ဖြင့် ကိုယ်တော်၏ရှေ့တော်မှ ဦးစွာသွားနှင့်မည်”ဟု မြွက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 သူသည် ဖခင်တို့နှင့် သားသမီးတို့ကို ပြန်လည်သင့်မြတ်စေရန်လည်းကောင်း၊ မနာခံသောသူတို့အား ဖြောင့်မတ်သောသူတို့၏ အသိဉာဏ်ကို ရရှိစေရန်လည်းကောင်း ဧလိယ၏ဝိညာဉ်နှင့် တန်ခိုးတို့ဖြင့် ပြည့်စုံလျက် ကိုယ်တော်၏ ရှေ့တော်ပြေးအဖြစ် သွားလိမ့်မည်။ ဤသည်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားသောလူတို့ကို အသင့်ဖြစ်စေရန်ပင် ဖြစ်၏” ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |