Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 3:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ‘ငါ​သည် ခရစ်တော်​မဟုတ်။ ခရစ်တော်​၏ ရှေ့တော်ပြေး​သာ ဖြစ်သည်’ ဟု ရှင်းလင်း​စွာ ငါ​ပြောသည်​ကို သင်တို့​သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ငါ​သည်​မေ​ရှိ​ယ​မ​ဟုတ်။ ထို​အ​ရှင်​၏​ရှေ့​တော် ပြေး​မျှ​သာ​ဖြစ်​၏။ ယင်း​သို့​ဖြစ်​ကြောင်း​သင် တို့​အား ငါ​ပြော​ကြား​ခဲ့​သည်​ကို​သင်​တို့ ကိုယ်​တိုင်​ပင်​သက်​သေ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ငါသည် ခရစ်တော်မဟုတ်။ ရှေ့တော်ကစေလွှတ်လိုက်သောသူဖြစ်သည်ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ခ​ရစ်​တော်​ရှေ့၌ စေ​လွှတ်​သော​သူ​ဖြစ်​သည်​ဟု ငါ​ဆို​သည်​ကို သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ‘ငါ​သည် ခရစ်တော်​မ​ဟုတ်။ သူ့​ရှေ့၌​စေလွှတ်​ခြင်း​ခံရ​သူ​သာ​ဖြစ်​သည်’​ဟု ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ခ​ရစ်​တော်​ရှေ့၌ စေ​လွှတ်​သော​သူ​ဖြစ်​သည်​ဟု ငါ​ဆို​သည်​ကို သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 3:28
12 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​ဟေရှာယ​က “တောကန္တာရ​၌ လူတစ်ဦး ကြွေးကြော်​လျက်​နေသည်​မှာ ‘ထာဝရဘုရား​ကြွလာမည့်​လမ်းတော်​ကို အသင့်​ပြင်ဆင်ကြလော့။ ထို​အရှင်​၏​လမ်းတော်​ကို ဖြောင့်ဖြူး​စေကြလော့’ ဟူ၍ ဖြစ်၏” ဟု ဟောပြောရာ​တွင် ဤ​ယောဟန်​ကို ဆိုလို၏။


အို သူငယ်… သင်​သည် အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​ပရောဖက်​ဟု အခေါ်​ခံရ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်​သည် ခရစ်တော်​ကြွလာရာ​လမ်း​ကို ပြင်ဆင်ပေးရမည့်​သူ​ဖြစ်၏။


သူ​က “ငါ​သည် ခရစ်တော်​မဟုတ်” ဟူ၍ မကွယ်ဝှက်ဘဲ အတိအလင်း​ပြောဆို၏။


ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ ဟောသည့်​အတိုင်း ‘ထာဝရဘုရား​၏ လမ်းခရီးတော်​ကို ဖြောင့်ဖြူး​အောင် ပြုပြင်ကြလော့’ ဟူ၍ တောကန္တာရ​တွင် ကြွေးကြော်သော​သူ​၏​အသံ ဖြစ်၏” ဟု ဆိုလေ၏။


“သင်​သည် ခရစ်တော်​လည်း​မဟုတ်၊ ဧလိယ​လည်း​မဟုတ်၊ ထို​ပရောဖက်​လည်း​မဟုတ်​လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာ​ပေးသနည်း” ဟု မေးကြပြန်၏။


ထို​အရှင်​သည် ငါ့​နောက်တွင် ကြွလာမည့်​အရှင်​ဖြစ်​သော်လည်း ထို​အရှင်​၏ ဖိနပ်ကြိုး​ကို ဖြေ​ရန်​ပင် ငါ​သည် မထိုက်တန်ပါ” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ