တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
ရှင်ယောဟန် 8:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့က “သင်သည် ရှမာရိလူမျိုးဖြစ်ပြီး နတ်ဆိုးပူးသောသူလည်းဖြစ်သည်ဟူ၍ ငါတို့ပြောဆိုကြသည်မှာ မှန်သည်မဟုတ်လော” ဟု ဆိုကြ၏။ Common Language Bible သူတို့က ``သင်သည်ရှမာရိအမျိုးသားဖြစ် သည်ဟူ၍လည်းကောင်း၊ နတ်မိစ္ဆာစွဲကပ်သူဖြစ် သည်ဟူ၍လည်းကောင်းငါတို့စွပ်စွဲသည်မှာ မမှန်ပါလော'' ဟုဆိုကြ၏။ Garrad Bible ယုဒလူမျိုးတို့ကလည်း သင်သည်နတ်ဝင်ရှမာရိလူမျိုးဖြစ်သည်ဟူ၍ငါတို့ဆိုသည်မှာ သင့်လျော်သည်မဟုတ်လောဟု ပြန်ဆိုကြသော်၊ Judson Bible ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ မြန်မာ ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။- |
တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
နှစ်ခြင်းဆရာယောဟန်သည် မသောက်မစားဘဲနေသည်ကို လူတို့က ‘သူသည်နတ်ဆိုးပူးသူဖြစ်သည်’ ဟု ဆိုတတ်ကြ၏။
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ လူတို့သည် မိမိတို့၏ အပြစ်များအားလုံးနှင့် ဘုရားသခင်အား စော်ကားပြောဆိုသောအပြစ်တို့အတွက် ခွင့်လွှတ်တော်မူခြင်းခံရနိုင်၏။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောအပြစ်အတွက် ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။
ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
တချို့က “ဤသူသည် နတ်ဆိုးပူး၍ ရူးနေ၏။ ဤကဲ့သို့သောသူ၏ စကားကို အဘယ်ကြောင့် နားထောင်ကြသနည်း” ဟု ပြောဆိုကြ၏။
သင်တို့သည် ငါ့ကို ဆရာတော်ဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။ ငါသည် သင်တို့ခေါ်ဆိုသည့်အတိုင်းဖြစ်သောကြောင့် ထိုသို့ ခေါ်ဆိုသည်မှာ မှန်ကန်၏။
ထိုရှမာရိအမျိုးသမီးက “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သော ကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းသနည်း” ဟု အံ့အားသင့်စွာ မေးလေ၏။ ထိုသို့မေးရခြင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုကြသောကြောင့်ဖြစ်၏။
လူထုက “သင်သည် နတ်ဆိုးပူးနေသောသူဖြစ်၏။ မည်သူသည် သင့်ကို သတ်ရန် ရှာကြံပါသနည်း” ဟု ဆိုကြ၏။
ထိုအခါ ဂျူးလူမျိုးတို့က “သူသည် ‘ငါသွားမည့်အရပ်သို့ သင်တို့ လိုက်နိုင်မည်မဟုတ်’ ဟု ပြောဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေရန် ကြံစည်နေသလော” ဟု ပြောဆိုကြ၏။
ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။
ကျမ်းစာ၌ “ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ ကဲ့ရဲ့ခြင်းသည် ကျွန်ုပ်အပေါ်၌လည်း သက်ရောက်ပါ၏” ဟု ရေးသားထားသည့်အတိုင်း ခရစ်တော် ကိုယ်တိုင်ပင်လျှင် မိမိစိတ်ကြိုက် ပြုတော်မမူခဲ့ပေ။
ထို့ကြောင့် ကျွန်ုပ်တို့သည် စခန်းအပြင်ဘက်သို့ ထွက်ကာ ကိုယ်တော်ထံ သွား၍ ကိုယ်တော်ခံရသော ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။
ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးများပင် ယုံကြည်၍ ကြောက်ရွံ့ထိတ်လန့်ကြ၏။