Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ လူတို့​သည် မိမိတို့​၏ အပြစ်များ​အားလုံး​နှင့် ဘုရားသခင်​အား စော်ကား​ပြောဆိုသော​အပြစ်တို့​အတွက် ခွင့်လွှတ်တော်မူခြင်း​ခံရနိုင်၏။ သို့ရာတွင် သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသော​အပြစ်​အတွက် ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ အ​ပြစ်​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း၊ ပြစ် မှား​ပြော​ဆို​သည့်​စ​ကား​ဟူ​သ​မျှ​အ​တွက် လည်း​ကောင်း လူ​တို့​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​ရှိ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို သူ​သည်​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ထို့ ကြောင့် ငါ ဆို သည် ကား ပြစ် မှား ခြင်း၊ ပုတ် ခတ် ခြင်း၊ အ မျိုး မျိုး အ တွက် ပြေ လွတ် ခွင့် ရ ရှိ သော် လည်း ဝိ ညာဉ် တော် ကို ပုတ် ခတ် သည့် အ တွက် ပြေ လွတ် ခွင့် မ ရှိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထို့ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ခြင်း​နှင့် အပြစ်​ဟူသမျှ​တို့​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​ခြင်း​အတွက်​မူကား ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:31
15 ပူးပေါင်းရင်းမြစ်များ  

လူသား​ကို နှုတ်​နှင့်​ပြစ်မှားသောသူ​သည် ခွင့်လွှတ်တော်မူခြင်း​ခံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​အား နှုတ်​ဖြင့် ပြစ်မှားပြောဆိုသောသူ​သည် ခွင့်လွှတ်တော်မူခြင်း​မခံရ။


ခေါင်းမာသော​လူမျိုး​တို့… သင်တို့​၏​နားများ​သည် မည်သည့်​အခါမျှ နားမထောင်။ သင်တို့​၏​စိတ်နှလုံး​သည်လည်း မည်သည့်​အခါမျှ နောင်တ​မရ။ သင်တို့​သည် သင်တို့​၏​ဘိုးဘေးများ ပြုခဲ့သည့်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​ကို အမြဲတစေ ဆန့်ကျင်​လျက်​ရှိ၏။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို သိရှိ​ပြီးနောက် တမင်တကာ ဆက်လက် အပြစ်​ကျူးလွန်နေ​လျှင် ထို​အပြစ်​အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။


သို့​ဖြစ်လျှင် ဘုရားသခင်​၏​သားတော်​ကို နင်းခြေ​၍ မိမိ​အား စင်ကြယ်စေသည့်​ပဋိညာဉ်​နှင့်ဆိုင်သော​အသွေး​ကို မသန့်ရှင်းသော​အရာ​အဖြစ် သဘောထား​ကာ ကျေးဇူးပြုတော်မူသော​ဝိညာဉ်တော်​ကို စော်ကားသူ​သည် မည်မျှ ပို​၍ ပြင်းထန်သော​ပြစ်ဒဏ်​ကို ခံထိုက်သည်​ဟု သင်တို့​ထင်သနည်း။


ဘုရားသခင်​ကို စွန့်သွားသော​သူတို့​အား တစ်ဖန် နောင်တရ​စေရန် မည်သို့​ဖြစ်နိုင်တော့​မည်နည်း။ တစ်ချိန်​က ထို​သူတို့​သည် ဘုရားသခင်​၏ ဉာဏ်အလင်း​ကို ရ​၍ ကောင်းကင်ဘုံ​မှ ကျေးဇူးတော်​ကို မြည်းစမ်း​ကာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​ကောင်းချီး​ကို ခံစားရသည့်​သူများ​ဖြစ်ခဲ့ကြ၏။


သို့သော် ကျွန်ုပ်တို့​သည် မိမိတို့​၏​အပြစ်များ​ကို ဖွင့်ဟ​ဝန်ခံ​ပါက ကိုယ်တော်​သည် သစ္စာ​နှင့်​ပြည့်စုံ​ပြီး ဖြောင့်မတ်သော​အရှင်​ဖြစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ ဖြေလွှတ်​ကာ မတရားမှု​အားလုံး​မှ စင်ကြယ်စေတော်မူ​လိမ့်မည်။


ညီအစ်ကို​မောင်နှမ​တစ်စုံတစ်ယောက်​သည် မိမိ​ဝိညာဉ်​မဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး ကျူးလွန်သည်​ကို သင်​တွေ့​လျှင် သူ့​အတွက် ဆုတောင်းပေး​သင့်၏။ မိမိ​ဝိညာဉ်​မဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး​ကို ကျူးလွန်သော ထို​သူ​အား ဘုရားသခင်​သည် အသက်​ကို ပေးတော်မူ​လိမ့်မည်။ မိမိ​ဝိညာဉ်​ဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး​ရှိ၏။ ထို​အပြစ်​မျိုး​အတွက် ဆုတောင်း​သင့်ကြောင်း ကျွန်ုပ်​မဆိုလိုပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ