ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ရှင်ယောဟန် 3:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါအမှန်ဆိုရလျှင် ငါတို့သည် မိမိသိသောအရာကို ပြောကြ၏။ မိမိမြင်ဖူးသောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် လက်မခံကြ။ Common Language Bible အမှန်အကန်သင့်အားငါဆိုသည်ကား ငါတို့ သည်မိမိတို့သိသည့်အရာကိုပြောကြ၏။ မြင် သည့်အရာကိုသက်သေခံကြ၏။ သို့ရာတွင် ငါတို့၏သက်သေခံချက်ကိုသင်တို့လက် မခံကြ။- Garrad Bible ငါဧကန်အမှန်ဆိုသည်ကား၊ ငါတို့သည် သိသောအရာကိုပြောဆို၏။ မြင်ပြီးသောအရာကိုသက်သေခံ၏။ ငါတို့သက်သေခံချက်ကို သင်တို့မနာမယူကြ။ Judson Bible ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။- မြန်မာ့စံမီသမ္မာကျမ်း သင့်အား ငါအမှန်အကန်ဆိုမည်။ ငါတို့သည် ကိုယ်သိသောအရာကိုပြောဆိုလျက် ကိုယ်မြင်သောအရာကိုသက်သေခံ၏။ သို့သော် သင်တို့သည် ငါတို့၏သက်သေခံချက်ကိုလက်မခံကြ။ မြန်မာ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။- |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်ဖြတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏ တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏ သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
ထိုအရှင်သည် မိမိလူမျိုးများထံသို့ ကြွလာသော်လည်း မိမိလူမျိုးများက ထိုအရှင်ကို လက်မခံကြပေ။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
အဘယ်ကြောင့်ဆိုသော် ငါသည် မိမိဆန္ဒအတိုင်း ဟောပြောသည်မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကိုယ်တိုင်က မည်သည့်အရာကို ဟောပြောရမည်၊ မည်သို့ဟောပြောရမည်ကို ငါ့ကို အမိန့်ပေးတော်မူ၏။
ငါ့ကို မချစ်သောသူသည် ငါ့စကားကို နာခံလိမ့်မည်မဟုတ်။ သင်တို့ကြားသောစကားတို့သည် ငါ့စကား မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏ စကားဖြစ်၏။
လောကီနှင့်ဆိုင်သော အကြောင်းအရာများကို ငါပြောသောအခါ သင်တို့မယုံကြည်လျှင် ကောင်းကင်ဘုံနှင့်ဆိုင်သော အကြောင်းအရာများကို ငါပြောသော် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ငါသည် ခမည်းတော်၏ အခွင့်နှင့် လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးသည် ကိုယ်ပိုင်အခွင့်နှင့် လာပါက သင်တို့သည် ထိုသူကို လက်ခံကြလိမ့်မည်။
ထိုကြောင့် ယေရှုက “ငါဟောသော သွန်သင်ချက်သည် ငါ့ကိုယ်ပိုင်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ သွန်သင်ချက်ဖြစ်၏။
ယေရှုက “ငါသည် မိမိအကြောင်းမိမိ သက်သေခံသော်လည်း ငါ့သက်သေသည် ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့ကမူ ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို မသိကြ။
သင်တို့နှင့်ပတ်သက်၍ ငါပြောစရာများစွာ၊ စီရင်စရာများစွာ ရှိ၏။ သို့သော်လည်း ငါမပြော၊ မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံမှ ကြားသိသောအရာများကိုသာ လောကီသားတို့ကို ငါဟောပြော၏။ ထိုအရှင်သည် ဖြောင့်မှန်သောအရှင် ဖြစ်တော်မူသည်” ဟု မိန့်တော်မူ၏။
ငါသည် ငါ့ခမည်းတော်ထံ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာများကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့ ဖခင်ထံမှ ကြားသိသော အရာများကို လုပ်ဆောင်ကြ၏” ဟု မိန့်တော်မူ၏။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
လောဒိကိမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အာမင်ဖြစ်သောသူ၊ စစ်မှန်၍ သစ္စာရှိသည့်သက်သေဖြစ်သောသူ၊ ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတို့၏အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။