ယေရှုက “သင်တို့သည် မည်သည့်အရာ တောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ဒုက္ခဝေဒနာခွက်ကို သင်တို့သောက်နိုင်မည်လော” ဟု ထိုသားနှစ်ဦးအား မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။
ရှင်ယောဟန် 18:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ပေတရုအား “ဓားကို ဓားအိမ်၌ ပြန်ထည့်လော့။ ခမည်းတော်ပေးတော်မူသောဒုက္ခဝေဒနာခွက်ကို ငါမသောက်ဘဲ နေရမည်လော” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ဋ္ဌားကိုဋ္ဌားအိမ်တွင်ပြန်သွင်း ထားလော့။ ခမည်းတော်ငါ့အားခံစေတော်မူ သည့်ဒုက္ခဝေဒနာကိုငါမခံသင့်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။ Garrad Bible ယေရှုက သင့်ဓားကိုအိမ်၌ပြန်သွင်းလော့။ ခမည်းတော်ပေးသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။ Judson Bible ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော”ဟု ပေတရုအား မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။- |
ယေရှုက “သင်တို့သည် မည်သည့်အရာ တောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ဒုက္ခဝေဒနာခွက်ကို သင်တို့သောက်နိုင်မည်လော” ဟု ထိုသားနှစ်ဦးအား မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။
ထို့နောက် ယေရှုသည် ရှေ့သို့ အနည်းငယ် သွား၍ မြေပေါ်တွင် ပျပ်ဝပ်တော်မူပြီးလျှင် “အကျွန်ုပ်၏အဖ… ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
တစ်ဖန် ယေရှုသည် ဒုတိယအကြိမ်ကြွတော်မူ၍ “အကျွန်ုပ်၏အဖ… ဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်မသောက်ဘဲ ဖယ်ရှားရန် မဖြစ်နိုင်ပါက အဖ၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
ဘုရားသခင်ကို မကိုးကွယ်သောလောကီလူသားများအားလုံးသည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် သင်တို့၏ကောင်းကင်ဘုံရှင်အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း သိမြင်တော်မူ၏။
“အို အဖ… အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ယေရှုက “ငါ့နိုင်ငံသည် လောကီနိုင်ငံမဟုတ်။ ဟုတ်လျှင် ဂျူးခေါင်းဆောင်များ၏ဖမ်းဆီးခြင်းကို ငါမခံရစေရန် ငါ့တပည့်တို့က တိုက်ခိုက်ကြလိမ့်မည်။ သို့ရာတွင် ငါ့နိုင်ငံသည် ဤကမ္ဘာလောကမှ မဟုတ်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
တိုက်ပွဲတွင် ကျွန်ုပ်တို့ အသုံးပြုသည့်လက်နက်များသည် လောကီသားများအသုံးပြုသည့် လက်နက်များမဟုတ်။ ခံတပ်များကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်ပါသော လက်နက်များဖြစ်၏။
သမ္မာတရားကို ဟောပြောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကို ပြခြင်းတို့ဖြင့်လည်းကောင်း၊ လက်ဝဲ လက်ယာ၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်းလက်နက်များအားဖြင့်လည်းကောင်း၊
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။