Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:39 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ထို့နောက် ယေရှု​သည် ရှေ့​သို့ အနည်းငယ် သွား​၍ မြေ​ပေါ်​တွင် ပျပ်ဝပ်တော်မူ​ပြီးလျှင် “အကျွန်ုပ်​၏​အဖ… ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏ အလိုဆန္ဒ​အရ​မဟုတ်ဘဲ ကိုယ်တော်​၏ အလိုတော်​အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ရှေ့ သို့ အ နည်း ငယ် ကြွ သွား ပျပ် ဝပ် လျက် အ ဘ ခ မည် တော်၊ ဤ ခွက် သည် အ ကျွန်ုပ် မှ လွန် သွား နိုင် လျှင် သွား စေ တော် မူ ပါ သို့ သော် လည်း အ ကျွန်ုပ် အ လို တိုင်း မ ဟုတ်။ အ လို တော် တိုင်း ဖြစ် စေ တော် မူ ပါ ဟု လျှောက် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး ပျပ်ဝပ်​လျက်“အကျွန်ုပ်​၏​အဖ၊ ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ လွန်​သွား​စေ​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

39 ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:39
27 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​သည် မည်သည့်​အရာ တောင်းသည်​ကို သင်တို့​မသိကြ။ ငါ​သောက်မည့်​ဒုက္ခဝေဒနာ​ခွက်​ကို သင်တို့​သောက်နိုင်မည်လော” ဟု ထို​သား​နှစ်ဦး​အား မေးတော်မူ​လျှင် သူတို့​က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


တစ်ဖန် ယေရှု​သည် ဒုတိယ​အကြိမ်​ကြွတော်မူ​၍ “အကျွန်ုပ်​၏​အဖ… ဤ​ဒုက္ခ​ဝေဒနာ​ခွက်​ကို အကျွန်ုပ်​မသောက်ဘဲ ဖယ်ရှား​ရန် မဖြစ်နိုင်ပါ​က အဖ​၏​အလိုတော်​အတိုင်း​သာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက်​အတုအယောင်များ ပေါ်လာ​လိမ့်မည်။ ထို​သူတို့​သည် ဖြစ်နိုင်​ပါက ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ​လိမ့်မည်။


သူ​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် ကျေးဇူးတင်လေ၏။ ထို​သူ​သည် ရှမာရိ​လူမျိုး​ဖြစ်၏။


သို့ဖြစ်၍ လူတို့​သည် ကျောက်တုံး​ကို ရွှေ့ကြ၏။ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်တော်မူပြီး​လျှင် “အို အဖ… အကျွန်ုပ်​တောင်းလျှောက်သည်​ကို နားဆင်တော်မူပြီ​ဖြစ်​သောကြောင့် ကျေးဇူးတင်ပါ၏။


ငါ​သည် ခမည်းတော်​ကို​ချစ်ကြောင်း လောကီသားတို့​သိ​စေရန် ခမည်းတော်​မှာကြားတော်မူသည့်​အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။


ယေရှု​က ပေတရု​အား “ဓား​ကို ဓားအိမ်​၌ ပြန်ထည့်လော့။ ခမည်းတော်​ပေးတော်မူသော​ဒုက္ခဝေဒနာ​ခွက်​ကို ငါ​မသောက်ဘဲ နေရမည်လော” ဟု မိန့်တော်မူ၏။


ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ သားတော်​သည် မည်သည့်​အမှု​ကိုမျှ မိမိ​အလိုအလျောက် မပြုနိုင်။ ခမည်းတော်​ပြုတော်မူသော​အမှု​ကို မြင်​၍သာ ပြု၏။ ခမည်းတော်​ပြုတော်မူ​သမျှ​အတိုင်း သားတော်​သည်လည်း ပြု၏။


ငါ​သည် မည်သည့်​အမှု​ကိုမျှ မိမိ​သဘောဆန္ဒ​အလျောက် မပြုနိုင်။ ခမည်းတော်​မိန့်တော်မူသည့်​အတိုင်း ငါ​တရားစီရင်၏။ ငါ့​တရားစီရင်ခြင်း​သည် တရားမျှတ၏။ ငါ​သည် မိမိ​အလို​အတိုင်း မဆောင်ရွက်ဘဲ ငါ့​ကို​စေလွှတ်တော်မူသော ခမည်းတော်​၏ အလိုတော်​အတိုင်း​ဆောင်ရွက်​သောကြောင့် ငါ့​တရားစီရင်ခြင်း​သည် မှန်ကန်၏။


အဘယ်ကြောင့်ဆိုသော် ငါ​သည် မိမိ​အလို​ကို လုပ်ဆောင်​ရန် မဟုတ်ဘဲ ငါ့​ကို စေလွှတ်တော်မူသော ဘုရားသခင်​၏ အလိုတော်​ကို လုပ်ဆောင်​ရန် ဆင်းသက်လာ​သောကြောင့် ဖြစ်၏။


ပေတရု​ရောက်လာ​သောအခါ ကော်နေလိ​သည် ကြိုဆို​၍ သူ​၏​ခြေရင်း​၌ ဝပ်တွားခယ​လျက် ရှိခိုးလေ၏။


လူသား​အဖြစ် ရှိနေချိန် မိမိ​ကိုယ်ကိုယ် နှိမ့်ချ​၍ လက်ဝါးကပ်တိုင်​ပေါ်တွင် အသေခံသည့်​တိုင်အောင် ဘုရားသခင်​ကို နာခံတော်မူ၏။


ခရစ်တော်​သည် ကမ္ဘာလောက​၌ လူသား​အဖြစ်​ရှိ​စဉ် သေခြင်း​မှ ကယ်တင်နိုင်သော ဘုရားသခင်​ထံ ပြင်းပြ​စွာ အော်ဟစ်​၍ မျက်ရည်​ကျ​လျက် အသနားခံ​တောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်​ထံ အပ်နှံ​၍ မိမိ​အား ရိုသေ​သောကြောင့် ဘုရားသခင်​သည် ကိုယ်တော်​၏ ဆုတောင်းချက်များ​ကို နားဆင်တော်မူခဲ့၏။


ထိုအခါ ကျွန်ုပ်​သည် ထို​ကောင်းကင်တမန်​ကို ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ဝပ်တွား၏။ သို့သော် သူ​က “ထိုသို့​မပြုနှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​အကြောင်း သက်သေခံချက်​ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်​ညီအစ်ကို​မောင်နှမများ​၏ အစေခံချင်း​လည်း ဖြစ်၏။ ဘုရားသခင်​ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်​၏​အနှစ်သာရ​သည် ယေရှု​အကြောင်း သက်သေခံချက်​ပင် ဖြစ်၏” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ