Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 20:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ယေရှု​က “သင်တို့​သည် မည်သည့်​အရာ တောင်းသည်​ကို သင်တို့​မသိကြ။ ငါ​သောက်မည့်​ဒုက္ခဝေဒနာ​ခွက်​ကို သင်တို့​သောက်နိုင်မည်လော” ဟု ထို​သား​နှစ်ဦး​အား မေးတော်မူ​လျှင် သူတို့​က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 မည် သည့် အ ရာ တောင်း မှန်း ကို သင် တို့ မ သိ ကြ။ ငါ သောက် မည့် ခွက် ကို သောက် နိုင် ကြ သ လော ဟု ယေ ရှု မေး တော် မူ ပြန် သော် သောက် နိုင် ပါ သည် ဟု လျှောက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​အံ့​သော ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သို့သော် ယေရှု​က“သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​နိုင်​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

22 ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​အံ့​သော ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 20:22
17 ပူးပေါင်းရင်းမြစ်များ  

ပေတရု​က “အကျွန်ုပ်​သည် သခင်​နှင့်အတူ သေရမည်​ဆိုလျှင်ပင် သခင့်​ကို အကျွန်ုပ် မည်သည့်​အခါမျှ ငြင်းပယ်မည်​မဟုတ်” ဟု လျှောက်လေ၏။ အခြား​တပည့်တော်တို့​သည်လည်း ထို​နည်းတူ​လျှောက်ကြ၏။


ထို့နောက် ယေရှု​သည် ရှေ့​သို့ အနည်းငယ် သွား​၍ မြေ​ပေါ်​တွင် ပျပ်ဝပ်တော်မူ​ပြီးလျှင် “အကျွန်ုပ်​၏​အဖ… ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏ အလိုဆန္ဒ​အရ​မဟုတ်ဘဲ ကိုယ်တော်​၏ အလိုတော်​အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


တစ်ဖန် ယေရှု​သည် ဒုတိယ​အကြိမ်​ကြွတော်မူ​၍ “အကျွန်ုပ်​၏​အဖ… ဤ​ဒုက္ခ​ဝေဒနာ​ခွက်​ကို အကျွန်ုပ်​မသောက်ဘဲ ဖယ်ရှား​ရန် မဖြစ်နိုင်ပါ​က အဖ​၏​အလိုတော်​အတိုင်း​သာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


သို့သော် ဤ​အရာများ​ဖြစ်ပျက်ရခြင်း​မှာ ကျမ်းစာ​တွင် ဖော်ပြထားသည့် ပရောဖက်တို့​၏​ဟောပြောချက်​အတိုင်း ဖြစ်လာ​စေရန်​ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်​ရှိသမျှတို့​သည် ယေရှု​ကို စွန့်ခွာ​၍ ထွက်ပြေးကြ၏။


ငါ​ခံရမည့် နှစ်ခြင်းမင်္ဂလာ​တစ်ပါး​ရှိ၏။ ထို​နှစ်ခြင်းမင်္ဂလာ​ကို မခံမီ​အထိ ငါ​သည် အလွန်​စိတ်ဖိစီးလှ၏။


“အို အဖ… အလိုတော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏​အလိုဆန္ဒ​အရ​မဟုတ်ဘဲ ကိုယ်တော်​၏​အလိုတော်​အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


ယေရှု​က ပေတရု​အား “ဓား​ကို ဓားအိမ်​၌ ပြန်ထည့်လော့။ ခမည်းတော်​ပေးတော်မူသော​ဒုက္ခဝေဒနာ​ခွက်​ကို ငါ​မသောက်ဘဲ နေရမည်လော” ဟု မိန့်တော်မူ၏။


ထို​ကဲ့သို့​ပင် သန့်ရှင်းသော​ဝိညာဉ်တော်​သည် ကျွန်ုပ်တို့​အားနည်းသော​အရာ​၌ ကူညီ​မစတော်မူ၏။ ဥပမာ ဘုရားသခင်​သည် ကျွန်ုပ်တို့​အား မည်သည့်​ဆု​ကို တောင်းစေလိုသည်​ကို ကျွန်ုပ်တို့​မသိ။ ထိုအခါ သန့်ရှင်းသော​ဝိညာဉ်တော်​သည် ဖော်ပြ​၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသော​စကားတို့​ဖြင့် ကျွန်ုပ်တို့​အတွက် ကိုယ်စားပြု​ဆုတောင်းပေးတော်မူ၏။


တောင်းလျှောက်​သောအခါ​၌လည်း အပျော်အပါး​လိုက်စား​နိုင်ရန်​အတွက် လွဲမှား​စွာ တောင်းလျှောက်​သောကြောင့် မရကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ