မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 15:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။ Common Language Bible ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။'' Garrad Bible ငါသည် ခမည်းတော်၏ပညတ်တော်များကိုစောင့်ရှောက်၍ မေတ္တာတော်၌တည်သည့်နည်းတူ သင်တို့သည် ငါ့ပညတ်များကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်ကြလိမ့်မည်။ Judson Bible ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။ မြန်မာ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။- |
မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ငါသည် မိမိဆန္ဒအတိုင်း ဟောပြောသည်မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်ကိုယ်တိုင်က မည်သည့်အရာကို ဟောပြောရမည်၊ မည်သို့ဟောပြောရမည်ကို ငါ့ကို အမိန့်ပေးတော်မူ၏။
ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
ငါသည် ခမည်းတော်ကိုချစ်ကြောင်း လောကီသားတို့သိစေရန် ခမည်းတော်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်မှာကြားတော်မူသမျှတို့ကို ပြီးမြောက်စေ၍ ဤလောကတွင် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
သို့သော်လည်း ထိုအရှင်ကို သင်တို့မသိကြ။ ငါမူကား သိ၏။ ငါမသိဟု ဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်သောသူဖြစ်လိမ့်မည်။ ငါသည် ထိုအရှင်ကို သိ၍ ထိုအရှင်၏ စကားတော်ကိုလည်း နားထောင်၏။
အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ မခံယူဘဲနေသည်ဖြစ်စေ ထိုအရာသည် အဓိကမကျ။ ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာဆောင်ရွက်ခြင်းသည်သာ အဓိကကျ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။
ဖြောင့်မတ်ခြင်းတရား လမ်းကို သိပြီးနောက် မိမိတို့အား ပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို စွန့်ပစ်သည်ထက် ထိုတရားလမ်းကို မသိခဲ့ခြင်းက သူတို့အတွက် ပို၍ကောင်း၏။
ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို လိုက်နာလျှင် ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်ကြောင်း သိရ၏။
ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။
ဘုရားသခင်ကို ချစ်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို လိုက်နာခြင်းပင် ဖြစ်၏။ ပညတ်တော်တို့သည် လိုက်နာရန် မခဲယဉ်းပေ။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။