ရှင်ယောဟန် 11:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာတွင် ငါမရှိခဲ့သည်မှာ သင်တို့ယုံကြည်လာကြစေရန်ဖြစ်၏။ ထို့ကြောင့် သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့ ငါတို့သွားကြစို့” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။ Common Language Bible ထိုအရပ်၌ငါမရှိခဲ့သည်မှာသင်တို့ယုံ ကြည်လာကြစေရန်ပင်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့သွားကြကုန်အံ့'' ဟု ပွင့်လင်းစွာမိန့်တော်မူ၏။ Judson Bible ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြကုန်အံ့ဟု အတည့်အလင်း မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့ယုံကြည်ကြရန် ထိုအရပ်၌ ငါမရှိခဲ့သည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့သွားကြစို့”ဟု မိန့်တော်မူ၏။ မြန်မာ ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြကုန်အံ့ဟု အတည့်အလင်း မိန့်တော်မူ၏။- |
အမြွှာပူးဟု ခေါ်တွင်သော သောမက “ငါတို့သည်လည်း ကိုယ်တော်နှင့်အတူ အသေခံရန် လိုက်သွားကြစို့” ဟု အခြားတပည့်တော်တို့အား ပြောလေ၏။
ထိုသတင်းကို ယေရှု ကြားတော်မူသောအခါ “ဤဖျားနာခြင်းသည် သေစေမည့်ဖျားနာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည့် ဖျားနာခြင်းဖြစ်၏။ ဤဖျားနာခြင်းကြောင့် ဘုရားသခင်၏သားတော်သည်လည်း ဘုန်းတော်ထင်ရှားလိမ့်မည်” ဟု မိန့်တော်မူ၏။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
ဤအခြင်းအရာအားလုံးသည် သင်တို့အကျိုးအတွက်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူ ပို၍များလာသည်နှင့်အမျှ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ပို၍ များလာရန်ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ရကြောင်းသိစေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။