သင်္ချိုင်းဂူများ ပွင့်၍ သေလွန်ပြီးသောယုံကြည်သောသူများစွာတို့၏ ကိုယ်ခန္ဓာသည် ရှင်ပြန်ထမြောက်ကြ၏။
ရှင်ယောဟန် 11:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူပြီးနောက် ယေရှုက “ငါတို့၏မိတ်ဆွေ လာဇရုသည် အိပ်ပျော်လျက်ရှိ၏။ သူ့ကို နှိုးရန် ငါသွားမည်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထိုသို့မိန့်တော်မူပြီးနောက် တပည့်တော်တို့အား ငါတို့အဆွေလာဇရုအိပ်ပျော်လေပြီ။ သို့ရာတွင်သူ့ကိုနိုးထစေခြင်းငှါ ငါသွားမည်ဟုမိန့်တော်မူရာ၊ Judson Bible ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မိန့်တော်မူပြီးနောက်“ငါတို့၏မိတ်ဆွေလာဇရုသည် အိပ်ပျော်လေပြီ။ သို့ရာတွင် သူ့ကိုနှိုးရန် ငါသွားမည်”ဟု မိန့်တော်မူ၏။ မြန်မာ ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်ဟု မိန့်တော်မူ၏။- |
သင်္ချိုင်းဂူများ ပွင့်၍ သေလွန်ပြီးသောယုံကြည်သောသူများစွာတို့၏ ကိုယ်ခန္ဓာသည် ရှင်ပြန်ထမြောက်ကြ၏။
ထိုအခါ ကိုယ်တော်က “ထွက်သွားကြလော့။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူသော် ထိုသူတို့သည် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
ကိုယ်တော်သည် အိမ်ထဲသို့ ဝင်တော်မူ၍ “အဘယ်ကြောင့် ဆူညံစွာ ငိုကြွေးနေကြသနည်း။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ညအချိန်တွင် သွားလာလျှင်မူ သူ၌ အလင်းမရှိသောကြောင့် ခလုတ်တိုက်မိတတ်၏” ဟု မိန့်တော်မူ၏။
ယေရှုက လာဇရုသေဆုံးကြောင်းကို ဆိုလိုတော်မူသော်လည်း ပုံမှန်အတိုင်းအိပ်ပျော်နေကြောင်း ဆိုလိုတော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။
ထိုညီအစ်မနှစ်ဦးက “သခင်… သခင်ချစ်တော်မူသောသူသည် အပြင်းဖျားလျက်ရှိပါ၏” ဟု ယေရှုထံတော်သို့ သတင်းပို့ကြ၏။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။
ထိုသို့ဖြစ်လျှင် ခရစ်တော်ကို ယုံကြည်လျက် ကွယ်လွန်သွားသောသူတို့သည်လည်း ပျက်စီးကြပြီဖြစ်ပေမည်။
အမြင်မှန်ရကြလော့။ ဆက်၍ အပြစ်မပြုနှင့်။ သင်တို့ထဲမှ တချို့သည် ဘုရားသခင်ကို လုံးဝမသိကြ။ သင်တို့အရှက်ရစေရန် ဤသို့ ကျွန်ုပ်ပြော၏။
သို့သော် လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်ပြောမည်။ ကျွန်ုပ်တို့အားလုံးသည် သေကြရမည်မဟုတ်။ နောက်ဆုံး တံပိုးမှုတ်သောအခါ တစ်ခဏချင်းမျက်စိတစ်မှိတ်အတွင်းတွင် ကျွန်ုပ်တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်သောအခါ သေလွန်သောသူတို့သည် မပုပ်ပျက်သောအရာအဖြစ် ထမြောက်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်လျက်ရှိသော ကျွန်ုပ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အလင်း၌ ဖော်ပြခံရသော အရာအားလုံးသည် အလင်း ဖြစ်လာသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာမှ ထလော့။ ခရစ်တော်သည် သင့်အပေါ် ထွန်းလင်းတော်မူလိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သောကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်ဆဲရှိသည်ဖြစ်စေ၊ သေလွန်ပြီးသည်ဖြစ်စေ ထိုသခင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
“အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟူသော ကျမ်းစကားသည် လက်တွေ့ဖြစ်လာ၏။ ဘုရားသခင်သည် အာဗြဟံအား “ငါ့မိတ်ဆွေ” ဟု ခေါ်တော်မူ၏။