ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ရှင်ယောဟန် 10:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် မိမိသိုးတို့ကို ထုတ်ပြီးနောက် ရှေ့မှ သွားသောအခါ သိုးတို့သည် သူ၏ အသံကို သိသောကြောင့် သူ့နောက်သို့ လိုက်ကြ၏။ Common Language Bible သိုးတို့ကိုထုတ်ပြီးလျှင်သိုးတို့၏အရှေ့က ဦးဆောင်၍သွားတတ်၏။ သိုးတို့သည်သူ့အသံ ကိုသိသဖြင့်နောက်ကလိုက်ကြ၏။- Garrad Bible ကိုယ်ပိုင်သိုးရှိသမျှကိုထုတ်ပြီးနောက် ဦးတည်လျက်သွားရာစကားသံကို သိုးတို့သိသောကြောင့်လိုက်တတ်ကြ၏။ Judson Bible သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိ၏သိုးရှိသမျှတို့ကို ထုတ်ပြီးသောအခါ သိုးတို့ရှေ့မှသွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသောကြောင့် သူ့နောက်သို့လိုက်သွားတတ်ကြ၏။ မြန်မာ သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။- |
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
တံခါးစောင့်သည် ထိုသူကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည်လည်း သူ၏ အသံကို မှတ်မိ၍ သူ့ထံသို့ လာကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်သွားတတ်၏။
သိုးတို့သည် လူစိမ်း၏ အသံကို မသိသောကြောင့် လူစိမ်းနောက်သို့ မလိုက်ဘဲ ပြေးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါ့ရှေ့တွင် ရောက်လာကြသူအားလုံးသည် သူခိုးနှင့် ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် ထိုသူတို့၏ စကားကို နားမထောင်ကြပေ။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ငါသည် သင်တို့အတွက် စံနမူနာကို ငါပြခဲ့ပြီ။ သင်တို့ကို ငါပြုသကဲ့သို့ သင်တို့အချင်းချင်းသည်လည်း ပြုကြရမည်။
ပိလတ်မင်းက “ဤသို့ ဆိုလျှင် သင်သည် ရှင်ဘုရင်လော” ဟု မေးလျှင် ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ လာ၏။ သမ္မာတရားကို ချစ်မြတ်နိုးသူတိုင်းသည် ငါ့စကားမှန်ကန်ကြောင်းကို သိကြ၏” ဟု မိန့်တော်မူ၏။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
သင်တို့သည် ဘုရားသခင်ချစ်တော်မူသောသားသမီးများ ဖြစ်ကြသည့်အလျောက် ဘုရားသခင်ကို အတုယူကြလော့။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ယေရှုခရစ်တော်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ကိုယ်တော်သည် ရှေ့ပြေးဖြစ်တော်မူပြီး ကျွန်ုပ်တို့ကိုယ်စား အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။
ခရစ်တော်သည် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားခဲ့ရသောကြောင့် သင်တို့သည်လည်း ခရစ်တော်ကဲ့သို့သော သဘောထားဖြင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားရသောသူတို့သည် အပြစ်မကျူးလွန်တော့ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ထိုသို့ သင်တို့အား အပ်ထားသောသူတို့ကို အုပ်ထိန်းရာတွင် အုပ်စိုးခြယ်လှယ်မှုမပြုဘဲ သိုးစုကဲ့သို့သော လူတို့အတွက် စံနမူနာဖြစ်စေကြလော့။