Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 10:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သိုးတို့​သည် လူစိမ်း​၏ အသံ​ကို မသိ​သောကြောင့် လူစိမ်း​နောက်သို့ မလိုက်ဘဲ ပြေးကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သိုး​တို့​သည်​သူ​စိမ်း​၏​နောက်​သို့​မူ​လိုက်​လိမ့်​မည် မ​ဟုတ်။ သူ​စိမ်း​၏​အ​သံ​ကို​မ​သိ​သ​ဖြင့်​သူ့ ထံ​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သူစိမ်းတို့စကားသံကိုကားမသိသောကြောင့် သူစိမ်းနောက်မလိုက်ဘဲ ထွက်ပြေးကြလိမ့်မည်ဟု ပုံဆောင်၍ ယေရှုမိန့်တော်မူရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မ​ဆိုင်​သော​သူ​တို့၏​စ​ကား​သံ​ကို မ​ကျွမ်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​နောက်​သို့​မ​လိုက်​ဘဲ ပြေး​တတ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူစိမ်း​တို့​၏​အသံ​ကို​မူ မ​သိ​ကြ​သောကြောင့် သူစိမ်း​နောက်​သို့ မည်သည့်​အခါ​မျှ မ​လိုက်​သည်​သာမက သူစိမ်း​ထံမှ ထွက်ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

5 မ​ဆိုင်​သော​သူ​တို့၏​စ​ကား​သံ​ကို မ​ကျွမ်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​နောက်​သို့​မ​လိုက်​ဘဲ ပြေး​တတ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 10:5
15 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​က “သင်တို့ ကြားနာရသည့်​အရာ​ကို အာရုံစိုက်ကြလော့။ သူတစ်ပါး​ကို ပေးသော​စံနှုန်း​နှင့်အညီ သင်တို့​သည်လည်း ပြန်ရ​လိမ့်မည်။ ထို​ထက်မက သင်တို့​လက်ခံရရှိ​လိမ့်မည်။


ထို့နောက် သင်တို့​သည် မည်သို့​ကြားနာသည်​ကို သတိပြုကြလော့။ ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေးတော်မူ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌ ရှိသည်​ဟု ထင်ရသော​အရာ​ကိုပင် သိမ်းယူတော်မူ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဤ​သိုးခြံ​မှ မဟုတ်သော အခြား​သိုးတို့​ကိုလည်း ငါ​ပိုင်သေး၏။ ထို​သိုးတို့​ကိုလည်း ငါ​ခေါ်ဆောင်လာ​ရမည်။ ထို​သိုးတို့​သည် ငါ့​စကားသံ​ကို နားထောင်ကြ​လိမ့်မည်။ သို့ဖြစ်၍ သိုး​တစ်အုပ်တည်း​နှင့် သိုးထိန်း​တစ်ပါးတည်း ဖြစ်လာ​လိမ့်မည်။


သူ​သည် မိမိ​သိုးတို့​ကို ထုတ်​ပြီးနောက် ရှေ့​မှ သွား​သောအခါ သိုးတို့​သည် သူ​၏ အသံ​ကို သိ​သောကြောင့် သူ့​နောက်သို့ လိုက်ကြ၏။


အနာဂတ်​တွင် လူတို့​သည် မှန်ကန်သော​အယူဝါဒ​ကို သည်းမခံနိုင်တော့ဘဲ မိမိတို့​အလို​ကို လိုက်​၍ မိမိတို့​၏​ယားသော​နား​က ကြားလိုသော​အရာများ​ကို ဟောပြောသည့်​ဆရာများ​နောက်သို့ လိုက်ကြ​လိမ့်မည်။


ထို​သူတို့​သည် ကျွန်ုပ်တို့​ထံမှ ထွက်သွား​သော်လည်း ကျွန်ုပ်တို့​နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့​နှင့်​သက်ဆိုင်​လျှင် ကျွန်ုပ်တို့​နှင့်အတူ နေရစ်​လိမ့်မည်။ သို့သော် ထိုသို့​ထွက်သွားခြင်း​ဖြင့် သူတို့​အားလုံး​သည် ကျွန်ုပ်တို့​နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှား​လျက်​ရှိ၏။


သမ္မာတရား​ကို သင်တို့​မသိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်သည် မဟုတ်။ သမ္မာတရား​ကို​လည်းကောင်း၊ လိမ်လည်ခြင်း​အမျိုးမျိုး​သည် သမ္မာတရား​နှင့် မသက်ဆိုင်သည်​ကို​လည်းကောင်း သင်တို့​သိ​သောကြောင့် ကျွန်ုပ်​ရေးလိုက်ခြင်း​ဖြစ်၏။


သင်​၏​လုပ်ဆောင်မှု၊ သင်​၏​ကြိုးပမ်း​အားထုတ်မှု​နှင့် သင်​၏​သည်းခံမှုတို့​ကို ငါ​သိ၏။ သင်​သည် ဆိုးညစ်သူများ​ကို လက်မခံ​ကြောင်း​ကိုလည်း ငါ​သိ၏။ တမန်တော်​မဟုတ်ဘဲ တမန်တော်​ဖြစ်​ယောင်ဆောင်သော​သူတို့​ကို ပိုင်းခြား​စစ်ဆေး​၍ အတုအယောင်များ​ဖြစ်သည်​ဟု ဖော်ထုတ်​နိုင်ကြောင်း​ကိုလည်း ငါ​သိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ