Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 10:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ယေရှု​သည် သူတို့​ကို ဤ​ပုံဥပမာ ဟောပြော​သော်လည်း သူတို့​သည် အနက်အဓိပ္ပာယ်​ကို နားမလည်ကြပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သ​ခင်​ယေ​ရှု​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​ထို​သူ​တို့ အား​မိန့်​တော်​မူ​သော်​လည်း သူ​တို့​သည်​ပုံ​ဥ​ပ​မာ တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထိုသို့မိန့်တော်မူချက်ကို သူတို့နားမလည်ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​ဥ​ပ​မာ​ပုံ​ကို ယေ​ရှု​ဟော​တော်​မူ​သည်​တွင်၊ ပ​ရိ​သတ်​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တော်၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​မ​လည်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ယေရှု​သည် ဤ​ပုံ​ဥပမာ​ကို လူ​တို့​အား​မိန့်​တော်မူ​သော်လည်း မည်သည့်​အကြောင်းအရာ​များ​မိန့်​တော်မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ထို​ဥ​ပ​မာ​ပုံ​ကို ယေ​ရှု​ဟော​တော်​မူ​သည်​တွင်၊ ပ​ရိ​သတ်​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တော်၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​မ​လည်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 10:6
20 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ယေရှု​သည် ပုံဥပမာများ​သုံး​၍ ဤ​အကြောင်းအရာများ​ကို လူထု​အား ဟောပြောတော်မူ၏။ ပုံဥပမာများ​မသုံးဘဲ ဟောတော်မမူပေ။


ကိုယ်တော်​က “ဤ​အရာ​အားလုံး​ကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူ​ရာ တပည့်တော်များ​က “နားလည်ပါသည်” ဟု လျှောက်ကြ၏။


ပုံဥပမာများ​မသုံးဘဲ လူထု​ပရိသတ်တို့​အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များ​နှင့် သီးခြားရှိချိန်​တွင် ထို​ပုံဥပမာများ​၏ အနက်အဓိပ္ပာယ်​ကို သူတို့​အား ရှင်းပြတော်မူ၏။


ဤ​အကြောင်းအရာများ​ကို ပုံဆောင်​တင်စား​၍ ငါ​ဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်​တင်စား​ရန် မလိုဘဲ ခမည်းတော်​၏​အကြောင်း​မှန်သမျှ​ကို ရှင်းလင်း​စွာ ငါ​ဖော်ပြမည့်​အချိန် ရောက်လာ​လိမ့်မည်။


ထိုအခါ တပည့်တော်တို့​က “ကိုယ်တော်​သည် ယခု​တွင် ပုံဥပမာ​မဆောင်ဘဲ ရှင်းလင်း​စွာ မိန့်တော်မူ၏။


ထိုအခါ ဂျူးလူမျိုးတို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါတို့​စား​ရန် မည်သို့​ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။


တပည့်တော်​အများအပြား​သည် ထို​အကြောင်း​ကို ကြား​လျှင် “ဤ​သွန်သင်ချက်​သည် အလွန်​ခက်ခဲလှ၏။ မည်သူ ခံယူ​နိုင်မည်နည်း” ဟု ပြောဆိုကြ၏။


သူ​ပြောဆိုသည့် ‘သင်တို့​သည် ငါ့​ကို ရှာ​သော်လည်း တွေ့ကြ​လိမ့်မည်​မဟုတ်။ ငါ​သွားမည့် အရပ်​သို့လည်း လိုက်နိုင်ကြမည်​မဟုတ်’ ဟူသော စကား​သည် မည်သည့်​အဓိပ္ပာယ်​ကို ဆိုလိုသနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။


ယေရှု​သည် ခမည်းတော်​ကို ရည်ညွှန်း​၍ မိန့်တော်မူသည်​ကို ထို​သူတို့​သည် နားမလည်ကြ။


ငါ့​စကား​ကို အဘယ်ကြောင့် သင်တို့​နားမလည်ကြသနည်း။ ထိုသို့​နားမလည်ခြင်း​မှာ ငါ့​သွန်သင်ချက်​ကို သင်တို့​နာယူနိုင်စွမ်း​မရှိ​သောကြောင့်​ပင် ဖြစ်၏။


သို့သော် ဝိညာဉ်တော်​ကို မရရှိထားသောသူ​သည် ဘုရားသခင်​၏​ဝိညာဉ်တော်​ထံမှ အမှန်တရား​ကို မခံယူနိုင်ပေ။ ထို​အရာတို့​သည် သူ့​အတွက် မိုက်မဲသော​အရာများ​ဖြစ်၏။ ထို​အရာတို့​ကို ဝိညာဉ်တော်​အားဖြင့်​သာ ပိုင်းခြားသိမြင်နိုင်​သောကြောင့် သူ​သည် နားမလည်နိုင်ပေ။


“ခွေး​သည် မိမိ​အန်ဖတ်​ကို ပြန်​စားတတ်၏။ ဝက်​သည် ရေချိုး​ပြီး​လျှင်ပင် ရွှံ့​၌ ပြန်​လူးတတ်၏” ဟူသည့် မှန်သော​ဆိုရိုးစကား​သည် ထို​သူတို့​၌ ဖြစ်ပျက်လာ၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ