Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 10:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 မိမိ​၏​သိုး​ရှိသမျှ​တို့​ကို ထုတ်​ပြီး​သောအခါ သိုး​တို့​ရှေ့မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အသံ​ကို​သိ​သောကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သိုး​တို့​ကို​ထုတ်​ပြီး​လျှင်​သိုး​တို့​၏​အ​ရှေ့​က ဦး​ဆောင်​၍​သွား​တတ်​၏။ သိုး​တို့​သည်​သူ့​အ​သံ ကို​သိ​သ​ဖြင့်​နောက်​က​လိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ကိုယ်ပိုင်သိုးရှိသမျှကိုထုတ်ပြီးနောက် ဦးတည်လျက်သွားရာစကားသံကို သိုးတို့သိသောကြောင့်လိုက်တတ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သိုး​များ​ကို​ထုတ်​သော​အ​ခါ သိုး​တို့​ရှေ့​မှာ​သွား၍ သိုး​များ​သည် သူ၏​စ​ကား​သံ​ကို ကျွမ်း​သော​ကြောင့် လိုက်​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 သူ​သည် မိမိ​သိုးတို့​ကို ထုတ်​ပြီးနောက် ရှေ့​မှ သွား​သောအခါ သိုးတို့​သည် သူ​၏ အသံ​ကို သိ​သောကြောင့် သူ့​နောက်သို့ လိုက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

4 သိုး​များ​ကို​ထုတ်​သော​အ​ခါ သိုး​တို့​ရှေ့​မှာ​သွား၍ သိုး​များ​သည် သူ၏​စ​ကား​သံ​ကို ကျွမ်း​သော​ကြောင့် လိုက်​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 10:4
23 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​ချစ်သူ​၏​အသံ​ပါတကား​။ ကြည့်​ပါ​။ တောင်တန်း​များ​ကို ကျော်လွှား​လျက်​၊ တောင်ကုန်း​များ​တွင် ခုန်ပျံ​လျက် လာ​နေ​ပြီ​။


“​အကျွန်ုပ်​သည် အိပ်​သော်လည်း စိတ်​မှာ​နိုး​လျက်​နေ​၏​။ အကျွန်ုပ်​ချစ်သူ​က ‘​ငါ့​နှမ​၊ ငါ့​ချစ်သူလေး​၊ ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ​၊ ငါ့​ကို တံခါး​ဖွင့်​ပေး​ပါ​။ ငါ့​ခေါင်း​သည် နှင်းစက်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​။ ငါ့​ဆံပင်​သည် ည​နှင်းရည်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​’​ဟု ဆို​လျက် တံခါးခေါက်​နေ​ပါ​သည်​တကား​။


ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။


ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။


ငါ့​သိုး​တို့​သည် ငါ့​အသံ​ကို​နားထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။


တံခါးစောင့်​သည် သူ့​ကို တံခါး​ဖွင့်​ပေး​တတ်​၏။ သိုး​တို့​သည် သူ​၏​အသံ​ကို​နားထောင်​တတ်​ကြ​၏။ သူ​သည် မိမိ​၏​သိုး​တို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်​တတ်​၏။


သူစိမ်း​တို့​၏​အသံ​ကို​မူ မ​သိ​ကြ​သောကြောင့် သူစိမ်း​နောက်​သို့ မည်သည့်​အခါ​မျှ မ​လိုက်​သည်​သာမက သူစိမ်း​ထံမှ ထွက်ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။


ငါ့​ထက်​အလျင်​ဦးစွာ​ရောက်လာ​သော​သူ​ရှိသမျှ​တို့​သည် သူခိုး​များ၊ ဓားပြ​များ​ဖြစ်​ကြ​၏။ သို့သော် သိုး​တို့​သည် သူ​တို့​ကို​နားမထောင်​ခဲ့​ကြ။


မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထိုအခါ ငါ​ရှိ​ရာ​အရပ်​၌ ငါ​၏​အမှုဆောင်​လည်း​ရှိ​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခမည်းတော်​သည် ချီးမြှောက်​တော်မူ​လိမ့်မည်။


သင်​တို့​၌ ငါ​ပြု​သကဲ့သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံနမူနာ​ကို ငါ​ပြ​ခဲ့​၏။


ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


သတို့သမီး​ကို​ရ​သော​သူ​သည် သတို့သား​ဖြစ်​၏။ သတို့သား​၏​အသံ​ကို ရပ်​လျက်​နားထောင်​နေ​သော သတို့သား​၏​မိတ်ဆွေ​မူကား သတို့သား​၏​အသံ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​၏။ သို့ဖြစ်၍ ငါ​သည်​လည်း ထို​ဝမ်းမြောက်​ခြင်း​နှင့် ပြည့်ဝ​လျက်​ရှိ​၏။


ငါ​သည် ခရစ်တော်​ကို​အတုယူ​သူ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။


ထို့ကြောင့် ချစ်​တော်မူ​သော​သားသမီး​များ​အဖြစ် ဘုရားသခင်​ကို အတုယူ​သူ​များ​ဖြစ်​ကြ​လော့။


သင်​တို့​ရှေ့​မှ​ကြွ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် သင်​တို့​အဖို့​ပြု​ပေး​သကဲ့သို့​၊


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။


ယေရှု​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​မင်း​ဖြစ်လာ​ပြီး ထို​ကန့်လန့်ကာ​အတွင်း​သို့ ရှေ့ဆောင်​လမ်းခင်း​ပေး​သူ​အဖြစ် ငါ​တို့​ကိုယ်စား​ဝင်​တော်မူ​၏။


အမှန်စင်စစ် သင်​တို့​သည် ဤ​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၏။ အကြောင်းမူကား ခရစ်တော်​သည်​လည်း သင်​တို့​ကို မိမိ​ခြေရာ​တော်​အတိုင်း​လိုက်လျှောက်​စေရန် သင်​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစားရ​လျက် သင်​တို့​အတွက် စံနမူနာ​ကို​ထား​ပေး​တော်မူ​၏။


ခရစ်တော်​သည် ကိုယ်ကာယ​၌ ထိုသို့ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ဖြစ်၍ သင်​တို့​သည်​လည်း ထိုသို့​သော​သဘောထား​မျိုး​ကို လက်နက်​အဖြစ် စွဲကိုင်​ထား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ကိုယ်ကာယ​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​သည် အပြစ်​နှင့်​ပြတ်စဲ​ပြီ​ဖြစ်​၏။


သင်​တို့​အား​ခွဲဝေ​ပေးအပ်​ထား​သော​သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ခြင်း​မ​ပြု​ဘဲ သိုးစု​အတွက် စံနမူနာ​ဖြစ်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ