ယေရှုသည်လည်း လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။
ရှင်မာကု 5:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “အကျွန်ုပ်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ကျန်းမာ၍ အသက်ရှင်နိုင်ရန် အရှင်သည် ကြွလာ၍ သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု အနူးအညွှတ်တောင်းပန်လေ၏။ Common Language Bible သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။ Garrad Bible အ ကျွန်ုပ်၏ သ မီး ငယ် သေ အံ့ ဆဲ ရှိ နေ ပါ သည်။ ရော ဂါ ပျောက် လျက် အ သက် ရှင် စေ ရန် ကြွ၍ လက် တင် တော် မူ ပါ ဟု များ စွာ တောင်း လျှောက် သ ဖြင့်၊ Judson Bible သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။- မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ရောဂါပျောက်ကင်းလျက် အသက်ချမ်းသာရာရမည့်အကြောင်း ကြွလာ၍ သူ့အပေါ် လက်တော်ကိုတင်တော်မူပါ”ဟု အနူးအညွတ်တောင်းပန်လေ၏။ မြန်မာ သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။- |
ယေရှုသည်လည်း လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ယေရှုသည် ထိုသူနှင့်အတူ ကြွတော်မူ၏။ လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်၍ တိုးဝှေ့ကြ၏။
နတ်ဆိုးများစွာကို နှင်ထုတ်၍ ဖျားနာသူများစွာကိုလည်း သံလွင်ဆီဖြင့် လိမ်းကာ ကျန်းမာစေကြ၏။
ထိုအခါ လူတို့သည် ဆွံ့အနားမကြားသောသူတစ်ဦးကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ သူတို့က “ဤသူ ကျန်းမာလာရန်အတွက် သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု တောင်းပန်ကြ၏။
ယေရှုသည် ထိုမျက်မမြင်ကို လက်ဆွဲ၍ မြို့ပြင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ၏ မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ် လက်တော်တင်လျက် “တစ်စုံတစ်ရာကို မြင်သလော” ဟု မေးတော်မူ၏။
ထိုအမျိုးသမီးအပေါ်၌ လက်တော်ကိုတင်တော်မူ၏။ ထိုအခါ အမျိုးသမီးသည် ချက်ချင်းပင် တည့်မတ်စွာရပ်နိုင်သဖြင့် ဘုရားသခင်အား ချီးမွမ်းလေ၏။
ယေရှုသည် ဝတ်ပြုဆောင်မှ ထွက်ခွာ၍ ရှိမုန်၏အိမ်သို့ ကြွလေ၏။ ရှိမုန်၏ယောက္ခမသည် အပြင်းဖျားလျက်ရှိသောကြောင့် ကုသပေးရန် လူတို့က ကိုယ်တော်အား လျှောက်ကြ၏။
နေဝင်ချိန်တွင် လူအပေါင်းတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဖျားနာသောသူများကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်ကို တင်၍ သူတို့ကို ကျန်းမာစေတော်မူ၏။
ယေရှုသည် မြို့အဝင်တံခါးအနီးသို့ ရောက်သောအခါ လူတို့သည် လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် မြို့ပြင်သို့ ထုတ်ဆောင်လာကြ၏။ ထိုလူသေသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသော သားဖြစ်၏။ မြို့သူမြို့သားတို့သည်လည်း ထိုမုဆိုးမနှင့်အတူ လိုက်ပို့ကြ၏။
ထိုညီအစ်မနှစ်ဦးက “သခင်… သခင်ချစ်တော်မူသောသူသည် အပြင်းဖျားလျက်ရှိပါ၏” ဟု ယေရှုထံတော်သို့ သတင်းပို့ကြ၏။
ပုဗလိ၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်သဖြင့် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့သွား၍ ဆုတောင်းပေးပြီးမှ သူ့အပေါ်လက်ကိုတင်၍ ကျန်းမာစေ၏။
ထိုသူတို့ကို တမန်တော်များရှေ့တွင် ရပ်စေကြ၏၊ တမန်တော်တို့သည်လည်း ဆုတောင်းပေးကာ ထိုသူတို့အပေါ် လက်တင်ကြ၏။
ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် ထိုသူတို့အပေါ် လက်တင်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြ၏။
သူ၏မျက်စိပြန်မြင်ရန် အာနနိအမည်ရှိသူ ဝင်လာ၍ သူ့အပေါ်လက်တင်ကြောင်းကို ရူပါရုံတွင်မြင်ရပြီ” ဟု မိန့်တော်မူ၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။