Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 5:23 - မြန်မာ

23 သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သူ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ​ခြေ​တော်​ရင်း တွင်​ပျပ်​ဝပ်​လျက် ``အ​ကျွန်ုပ်​၏​သ​မီး​ငယ်​သည်​သေ​လု နီး​ပါး​ဖြစ်​နေ​ပါ​သည်။ သူ့​အား​ရော​ဂါ​ပျောက်​လျက် အ​သက်​ရှင်​စေ​ရန် ကိုယ်​တော်​ကြွ​တော်​မူ​၍​သူ​၏ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​အ​နူး အ​ညွတ်​လျှောက်​ထား​တောင်း​ပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 အ ကျွန်ုပ်၏ သ မီး ငယ် သေ အံ့ ဆဲ ရှိ နေ ပါ သည်။ ရော ဂါ ပျောက် လျက် အ သက် ရှင် စေ ရန် ကြွ၍ လက် တင် တော် မူ ပါ ဟု များ စွာ တောင်း လျှောက် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 “အကျွန်ုပ်​၏​သမီး​ငယ်​သည် သေ​လုနီးပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရောဂါ​ပျောက်ကင်း​လျက် အသက်​ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ကြွလာ​၍ သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​ပါ”​ဟု အနူးအညွတ်​တောင်းပန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 “အကျွန်ုပ်​၏ သမီးငယ်​သည် သေလုနီးပါး​ဖြစ်​နေပါ၏။ သူ​သည် ကျန်းမာ​၍ အသက်ရှင်​နိုင်ရန် အရှင်​သည် ကြွလာ​၍ သူ့​အပေါ် လက်တော်​ကို တင်တော်မူပါ” ဟု အနူးအညွှတ်​တောင်းပန်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 5:23
26 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-


မြွေ​တို့​ကို ဖမ်း​ကိုင်​ကြ​လ​တ္တံ့။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​ကို သောက်​စား​လျှင် ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​ကြ​လ​တ္တံ့။ မ​ကျန်း​မ​မာ​သော သူ​တို့​အ​ပေါ်​မှာ လက်​ကို​တင်၍ ချမ်း​သာ​ပေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။


နတ်​ဆိုး​များ​ကို နှင်​ထုတ်​ကြ၏။ မ​ကျန်း​မ​မာ​သော သူ​များ​တို့​ကို ဆီ​နှင့်​လူး၍ အ​နာ​ကို ငြိမ်း​စေ​ကြ၏။


ထို​အ​ခါ နား​ပင်း၍ စ​ကား​အ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ သူ့​အ​ပေါ်​မှာ လက်​တော်​ကို တင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-


ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။-


သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-


တ​ရား​ဇ​ရပ်​မှ ထွက်​ပြီး​လျှင် ရှိ​မုန်​အိမ်​သို့​ကြွ​တော်​မူ၏။ ရှိ​မုန်၏ ယော​က္ခ​မ​သည် ပြင်း​စွာ​သော ဖျား​နာ​စွဲ​သည်​ဖြစ်၍ သူ့​အ​တွက် ကိုယ်​တော်​ကို တောင်း​လျှောက်​ကြ၏။-


နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။-


မြို့​တံ​ခါး​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မု​ဆိုး​မ၌ တစ်​ယောက်​တည်း​သော သား​အ​သေ​ကောင်​ကို သင်္ဂြိုဟ်​ခြင်း​ငှာ ထုတ်​သွား၍၊ မြို့​သူ​မြို့​သား​များ​တို့​သည် လိုက်​ကြ၏။-


ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ