သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 16:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု သင်တို့သည် ပေတရု အပါအဝင်၊ တပည့်တော်တို့ထံသို့ သွား၍ ‘ယေရှုသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ အသေခံတော်မမူမီ မိန့်တော်မူသည့်အတိုင်း သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။ Common Language Bible သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။ Garrad Bible သင် တို့ အ ရင် ဂါ လိ လဲ နယ် သို့ ကြွ နှင့် တော် မူ မည် ဟူ၍ မိန့် တော် မူ ခဲ့ သည့် အ တိုင်း ထို နယ် တွင် ဖူး တွေ့ ရ ကြ မည့် အ ကြောင်း ပေ တ ရု မှ စ သော တ ပည့် တော် တို့ ထံ သွား၍ ပြန် ကြား ကြ လော့ ဟု ဆို၏။ Judson Bible သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့မူကား သွား၍ တပည့်တော်များနှင့် ပေတရုအား ‘ကိုယ်တော်သည် သင်တို့ကိုမိန့်မှာခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့”ဟု ဆိုလေ၏။ မြန်မာ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။- |
သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
ယေရှုက “မကြောက်ကြနှင့်။ သွား၍ ငါ့တပည့်တို့အား ဂါလိလဲပြည်သို့ သွားရန် ပြောကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် အမြန်ပြန်၍ ‘ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ သူသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ တပည့်တော်တို့အား ပြောကြလော့။ ငါပြောသောစကားကို မမေ့ကြနှင့်” ဟု ဆိုလေ၏။
သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့တုန်လှုပ်၍ မိန်းမောတွေဝေလျက် သင်္ချိုင်းဂူမှ ပြေးထွက်လာကြ၏။ သူတို့သည် ကြောက်ရွံနေသောကြောင့် မည်သူ့ကိုမျှ စကားမပြောဘဲနေကြ၏။
ထို့နောက် ယေရှုသည် ဂါလိလဲအိုင်အနီးတွင် တပည့်တော်တို့ရှေ့၌ ထပ်မံ၍ ကိုယ်ထင်ပြတော်မူ၏။ ကိုယ်ထင်ပြတော်မူပုံမှာ ဤသို့ဖြစ်၏။
ထိုအရှင်သည် ဂါလိလဲပြည်မှ ဂျေရုဆလင်မြို့သို့ သူနှင့်အတူ လိုက်ပါလာကြသောသူတို့အား ရက်ပေါင်းများစွာ ကိုယ်ထင်ပြတော်မူ၏။ ယခုတွင် ထိုသူတို့သည် လူများရှေ့တွင် သခင်ဘုရား၏သက်သေများဖြစ်ကြ၏။
ပေတရုအား ကိုယ်ထင်ပြတော်မူပြီးမှ တမန်တော်ဆယ့်နှစ်ပါးတို့အား ပြတော်မူသည့်အကြောင်းတို့ဖြစ်၏။
ယခုအချိန်သည် သူ့ကို ခွင့်လွှတ်၍ နှစ်သိမ့်ရမည့်အချိန်ဖြစ်၏။ ထိုသို့မဟုတ်လျှင် သူသည် အလွန်အကျွံ ဝမ်းနည်းခြင်းထဲ၌ နစ်မြုပ်သွားလိမ့်မည်။