Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 16:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထိုအခါ အမျိုးသမီးတို့​သည် ကြောက်ရွံ့တုန်လှုပ်​၍ မိန်းမောတွေဝေ​လျက် သင်္ချိုင်းဂူ​မှ ပြေးထွက်လာကြ၏။ သူတို့​သည် ကြောက်ရွံနေ​သောကြောင့် မည်သူ့​ကိုမျှ စကား​မပြောဘဲ​နေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။ အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို မိန်း မ တို့ လည်း တုန် လှုပ် ခြောက် ခြား လျက် သင်္ချိုင်း ဂူ တော် မှ ထွက် ပြေး ကြ ရာ ကြောက် ရွံ့ သော ကြောင့် မည် သူ့ ကို မျှ တစ် စုံ တစ် ရာ မ ပြော မ ဆို ကြ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​မိန်း​မ​တို့​သည်​လည်း၊ သင်္ချိုင်း​တော်​မှ​ထွက်၍ တုန်​လှုပ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ပြေး​ကြ၏၊ ကြောက်​လန့်​သော​ကြောင့် အ​ဘယ်​သူတို့​မျှ မ​ပြော​မ​ဆို​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထိုအခါ သူ​တို့​သည်​တုန်လှုပ်​လျက် မိန်းမော​တွေဝေ​သဖြင့် သင်္ချိုင်း​ဂူ​ထဲမှ​ထွက်လာ​ပြီးလျှင် ထွက်ပြေး​ကြ​၏။ သူ​တို့​သည်​ကြောက်ရွံ့​သောကြောင့် မည်သူ့​ကို​မျှ မည်သည့်​အရာ​မျှ​မ​ပြော​ကြ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

8 ထို​မိန်း​မ​တို့​သည်​လည်း၊ သင်္ချိုင်း​တော်​မှ​ထွက်၍ တုန်​လှုပ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ပြေး​ကြ၏၊ ကြောက်​လန့်​သော​ကြောင့် အ​ဘယ်​သူတို့​မျှ မ​ပြော​မ​ဆို​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 16:8
10 ပူးပေါင်းရင်းမြစ်များ  

အမျိုးသမီးတို့​သည် ကြောက်လန့်ကြ​သော်လည်း အလွန်​ဝမ်းသာ​၍ သင်္ချိုင်းဂူ​မှ အမြန်​ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်​၏ စကား​ကို တပည့်တော်တို့​အား ပြောပြ​ရန် ပြေးသွားကြ၏။


ထို​တရားစကားများ​ကို ဟောပြော​သွန်သင်တော်မူပြီး​သောအခါ ပရိသတ်တို့​သည် ယေရှု​၏​သွန်သင်ချက်များ​အပေါ် အံ့သြကြ၏။


ယခု သင်တို့​သည် ပေတရု အပါအဝင်၊ တပည့်တော်တို့​ထံသို့ သွား​၍ ‘ယေရှု​သည် သင်တို့​ထက်​ဦးစွာ ဂါလိလဲပြည်​သို့ ကြွတော်မူမည်။ အသေခံတော်​မမူမီ မိန့်တော်မူသည့်​အတိုင်း သင်တို့​သည် သူ့​ကို ထို​နေရာ​၌ တွေ့မြင်ကြရ​လိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။


တနင်္ဂနွေနေ့​နံနက်​စောစော​အချိန်​၌ ယေရှု​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် ဦးစွာ မာဂဒလမာရိ​ကို ကိုယ်ထင်ပြတော်မူ၏။ ထို​မာရိ​မှာ ယေရှု နတ်ဆိုး​ခုနစ်ကောင် နှင်ထုတ်ပေးတော်မူ​ခဲ့ဖူးသည့်သူ​ဖြစ်၏။


ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်​အပို​စသည်တို့​ကို ယူမသွားကြနှင့်။ လမ်း​တွင် မည်သူ​ကို​မျှ နှုတ်မဆက်ကြနှင့်။


သို့ရာတွင် တပည့်တော်များ​က တစ္ဆေ​ကို မြင်နေရသည်​ဟု မှတ်ထင်​ကာ ထိတ်လန့်​ကြောက်ရွံ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ