Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 16:7 - Common Language Bible

7 သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သင် တို့ အ ရင် ဂါ လိ လဲ နယ် သို့ ကြွ နှင့် တော် မူ မည် ဟူ၍ မိန့် တော် မူ ခဲ့ သည့် အ တိုင်း ထို နယ် တွင် ဖူး တွေ့ ရ ကြ မည့် အ ကြောင်း ပေ တ ရု မှ စ သော တ ပည့် တော် တို့ ထံ သွား၍ ပြန် ကြား ကြ လော့ ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​ကြောင်း​ကို၊ ပေ​တ​ရု​မှ​စ၍ တ​ပည့်​တော်​တို့​အား သွား၍​ပြော​ကြ​လော့။ အ​ထက်​က မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​မူကား သွား​၍ တပည့်​တော်​များ​နှင့် ပေတရု​အား ‘ကိုယ်တော်​သည် သင်​တို့​ကို​မိန့်မှာ​ခဲ့​သည့်​အတိုင်း ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ယခု သင်တို့​သည် ပေတရု အပါအဝင်၊ တပည့်တော်တို့​ထံသို့ သွား​၍ ‘ယေရှု​သည် သင်တို့​ထက်​ဦးစွာ ဂါလိလဲပြည်​သို့ ကြွတော်မူမည်။ အသေခံတော်​မမူမီ မိန့်တော်မူသည့်​အတိုင်း သင်တို့​သည် သူ့​ကို ထို​နေရာ​၌ တွေ့မြင်ကြရ​လိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

7 သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​ကြောင်း​ကို၊ ပေ​တ​ရု​မှ​စ၍ တ​ပည့်​တော်​တို့​အား သွား၍​ပြော​ကြ​လော့။ အ​ထက်​က မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 16:7
12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။


ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``မ​ကြောက်​ကြ​နှင့်။ သွား​၍​ငါ​၏​ညီ​အစ်​ကို​များ​အား​ဂါ​လိ​လဲ ပြည်​သို့​သွား​ရန်​ပြော​ကြား​ကြ​လော့။ သူ​တို့ သည်​ထို​ပြည်​တွင်​ငါ့​ကို​မြင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


တ​ပည့်​တော်​တို့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍ `ကိုယ် တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​မည် ဖြစ်​၍ ထို​အ​ရပ်​တွင်​ကိုယ်​တော်​ကို​သင်​တို့​တွေ့​ရ ကြ​လိမ့်​မည်' ဟု​ပြော​ကြား​ကြ​လော့။ ငါ​ပြော သည့်​စ​ကား​ကို​မ​မေ့​ကြ​နှင့်'' ဟု​ဆို​၏။


သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက်​ပြီး နောက် ဂါ​လိ​လဲ​ပြည်​သို့​သင်​တို့​အ​လျင်​သွား နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။


ထို​အ​ခါ​တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။


အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။ အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး


ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။-


ထို​နောက်​ထို​အ​ရှင်​သည်​ယ​ခင်​က​မိ​မိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​ပါ ကြ​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ တော်​မူ​၏။ သူ​တို့​သည်​ယ​ခု​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ကိုယ်​တော်​၏​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​ကြ​၏။-


ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။-


ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ