သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
ရှင်မာကု 14:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤဆီမွှေးကို ငွေဒင်္ဂါးပြားသုံးရာဖြင့်ရောင်း၍ ဆင်းရဲသားများအား လှူဒါန်းသင့်သည်” ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကို အပြစ်တင်ကြ၏။ Common Language Bible ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။ Garrad Bible ငွေ သုံး ရာ ကျော် နှင့် ရောင်း ပြီး လျှင် သူ ဆင်း ရဲ များ အား ပေး ကမ်း နိုင် လေ ပြီ ဟု အ ချင်း ချင်း ပြော ဆို လျက် ထို မိန်း မ ကို ဆုံး မ ကြ ၏။ Judson Bible ဒေနာရိအပြားသုံးရာမကသော အဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤဆီမွှေးကို ဒေနာရိသုံးရာကျော်နှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကိုအပြစ်တင်ကြ၏။ မြန်မာ ဒေနာရိအပြားသုံးရာမကသော အဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။- |
သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
ဤဆီမွှေးကို ငွေအမြောက်အမြားဖြင့်ရောင်း၍ ဆင်းရဲသားများအား လှူဒါန်းသင့်သည်” ဟု ဆိုကြ၏။
ထိုအခါ လူတချို့သည် ဒေါသထွက်၍ “အဘယ်ကြောင့် တန်ဖိုးကြီးသောဆီမွှေးကို ဤသို့ဖြုန်းတီးရသနည်း။
သို့သော် ယေရှုက “ရှိပါစေ။ ငါ့အတွက် ကောင်းမှုပြုသော ဤအမျိုးသမီးကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
ယုဒသည် ငွေကို စီမံရသူဖြစ်သောကြောင့် ပွဲတော်အတွက် လိုအပ်သောအရာများကို ဝယ်ယူရန် သို့မဟုတ် ဆင်းရဲသားများကို ငွေလှူဒါန်းရန် ယေရှုစေခိုင်းတော်မူသည်ဟူ၍ တပည့်တော်တချို့က ထင်မှတ်ကြ၏။
ဖိလိပ္ပုက “ငွေဒင်္ဂါးပြားနှစ်ရာဖိုးရှိသော စားစရာကို ဝယ်၍ လူတိုင်းကို အနည်းငယ်စီ ကျွေးလျှင်ပင် လုံလောက်မည်မဟုတ်ပါ” ဟု လျှောက်၏။
ထိုသူတချို့ ညည်းညူသကဲ့သို့ မညည်းညူကြနှင့်။ ထိုသူတို့သည် ညည်းညူသောကြောင့် သေမင်းတမန်၏ လက်ချက်ဖြင့် သေကျေပျက်စီးခဲ့ကြ၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သောသူတို့အား ပေးကမ်းဝေမျှနိုင်ရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစား လုပ်ဆောင်ရမည်။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။