ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
ရှင်မာကု 14:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။ Common Language Bible ထို့နောက်ကိုယ်တော်က ``သင်တို့သည်စုံစမ်း သွေးဆောင်ရာသို့မလိုက်မပါအံ့သောငှာ ဆု တောင်းလျက်စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော် လည်းကိုယ်ခန္ဓာကားအားနည်းသည်'' ဟုသူတို့ အားမိန့်တော်မူ၏။ Garrad Bible စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ စောင့် နေ၍ တောင်း လျှောက် ကြ လော့။ စိတ် အား ကြီး သော် လည်း ကိုယ် ခ န္ဓာ အား နည်း စွ တ ကား ဟု မိန့် တော် မူ ပြီး နောက်၊ Judson Bible စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။ မြန်မာ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- |
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
တပည့်တော်တို့အား “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ဝမ်းနည်းလျက်ရှိ၏။ ဤနေရာတွင် နေ၍ သတိနှင့် စောင့်နေကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်တို့ထံသို့ ပြန်ကြွသောအခါ သူတို့သည် အိပ်ပျော်နေကြသည်ကို တွေ့မြင်တော်မူသဖြင့် ပေတရုအား “ရှိမုန်… သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှပင် သတိနှင့် မစောင့်နိုင်သလော။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ထိုနေရာသို့ ရောက်သောအခါ ယေရှုက တပည့်တော်တို့အား “ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “အဘယ်ကြောင့် အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ထ၍ ဆုတောင်းကြလော့” ဟု မိန့်တော်မူလေ၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
အဘယ်ကြောင့်ဆိုသော် လူ့ဗီဇစိတ်သည် ဝိညာဉ်တော်နှင့် ဆန့်ကျင်သောအရာကို အလိုရှိ၍ ဝိညာဉ်တော်သည် လူ့ဗီဇစိတ်နှင့် ဆန့်ကျင်သောအရာကို အလိုရှိသောကြောင့် ဖြစ်၏။ လူ့ဗီဇစိတ်နှင့် ဝိညာဉ်တော်တို့သည် တစ်ပါးနှင့် တစ်ပါး ဆန့်ကျင်လျက် ရှိသဖြင့် သင်တို့သည် မိမိအလိုဆန္ဒအတိုင်း မပြုနိုင်ကြပေ။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
သင်သည် ငါသွန်သင်သည့်အတိုင်း သည်းခံလျက်နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့ကို စစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျရောက်မည့်စုံစမ်းနှောင့်ယှက်ခြင်းကာလမှ သင်တို့ကို ငါကယ်တင်မည်။