ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
ရှင်မာကု 12:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။ Common Language Bible ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။- Garrad Bible ထို နောက် ကိုယ် တော် သည် ဥ ပ မာ ဆောင် လျက် မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး စည်း ရိုး ဝိုင်း ကာ၍ ဖိ နင်း ရာ ကျင်း ကို တူး ဖော်၊ မျှော် စင် ကို လည်း ဆောက် လုပ် ပြီး နောက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား၍ အ ခြား ပြည် သို့ ထွက် သွား ၏။ Judson Bible ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။ မြန်မာ ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။- |
ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
ထို့နောက် ယေရှုက “ဤအကြောင်းအရာကို သင်တို့ မည်သို့ထင်ကြသနည်း။ လူတစ်ယောက်၌ သားနှစ်ယောက်ရှိ၏။ သူသည် သားကြီးထံသို့သွား၍ ‘ငါ့သား… ယနေ့ စပျစ်ခြံသို့ သွား၍ အလုပ်လုပ်လော့’ ဟု ပြော၏။
အခြားသောပုံဥပမာတစ်ခုကို နားထောင်ကြလော့။ မြေရှင်တစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။
စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတို့ကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ခရီးထွက်မည့် လူတစ်ဦးသည် မိမိ၏ အစေခံများကို ခေါ်၍ သူ၏ ဥစ္စာပစ္စည်းများကို အပ်လေ၏။
ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှုကို ဖြေဆိုကြ၏။ ထိုအခါ ယေရှုက “ငါသည်လည်း ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေကြောင်းကို သင်တို့အားပြောမည်မဟုတ်” ဟု ထိုသူတို့ကို မိန့်တော်မူ၏။
လူသားကြွလာခြင်းအကြောင်းသည် ခရီးထွက်မည့် လူတစ်ဦးက မိမိအိမ်မှ မထွက်ခွာမီ သူ၏ အစေခံများအား လုပ်ဆောင်ရန် တာဝန်များကို ပေးအပ်၍ တံခါးစောင့်အား မိမိပြန်လာချိန်ကို စောင့်ရမည်ဟု မှာကြားသည်နှင့် တူ၏။
ယေရှုက ထိုသူတို့ကို ခေါ်၍ ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “စာတန်သည် စာတန်ကို မည်သို့ နှင်ထုတ်ပါမည်နည်း။
ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာတွင် ကိုယ်တော်က
ရက်အနည်းငယ်ကြာသော် သားငယ်သည် မိမိပိုင်ဆိုင်သမျှကို ထုပ်ပိုးကာ ဝေးသောတိုင်းပြည်သို့ ထွက်သွား၏။ ထိုပြည်သို့ ရောက်သောအခါ သူသည် ပျော်ပါးသောက်စား၍ အသက်ရှင်လျက် ယူဆောင်လာသမျှ စည်းစိမ်များကို ဖြုန်းတီးလေ၏။
ယေရှုက “မင်းသားတစ်ပါးသည် ရှင်ဘုရင်အရာကို ခံယူပြီးပြန်လာရန် ဝေးသောတိုင်းပြည်သို့ သွားလေ၏။
သူတို့က ကိုယ်တော်အား “မည်သည့်နေရာတွင် ပြင်ဆင်စေလိုတော်မူသနည်း” ဟု မေးလျှောက်ကြ၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။
သူသည် သိနာတောင်တွင် သူ့အား စကားပြောသော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုးဘေးများနှင့်လည်းကောင်း၊ တောကန္တာရတွင် စုဝေးသောလူတို့နှင့်လည်းကောင်း ရှိခဲ့သောသူဖြစ်၏။ သူသည် ကျွန်ုပ်တို့အား ပေးအပ်ရန် အသက်ရှင်စေသော ဗျာဒိတ်တော်ကို လက်ခံရရှိလေ၏။