Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 12:1 - မြန်မာ

1 ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​နောက်​ကိုယ်​တော်​သည်​သူ​တို့​အား ပုံ​ဥ​ပ​မာ ဆောင်​၍​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော်​က ``လူ တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး​၍ ခြံ​ဝင်း​ကာ​၏။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး ၍​မျှော်​စင်​ကို​ဆောက်​လုပ်​၏။ ထို​နောက်​သူ​သည် ဥ​ယျာဉ်​ကို​ခြံ​သ​မား​တို့​အား သီး​စား​ချ​၍ နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို နောက် ကိုယ် တော် သည် ဥ ပ မာ ဆောင် လျက် မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး စည်း ရိုး ဝိုင်း ကာ၍ ဖိ နင်း ရာ ကျင်း ကို တူး ဖော်၊ မျှော် စင် ကို လည်း ဆောက် လုပ် ပြီး နောက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား၍ အ ခြား ပြည် သို့ ထွက် သွား ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် စပျစ်သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ထို့နောက် ကိုယ်တော်​သည် လူအပေါင်းတို့​ကို ပုံဥပမာများ​ဖြင့် မိန့်တော်မူသည်​မှာ “လူ​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​၍ ခြံခတ်လေ၏။ သူ​သည် ထို​ခြံ​ထဲတွင် စပျစ်သီးနယ်ရာ​ကျင်း​ကို တူး​ပြီး ကင်းစောင့်မျှော်စင်​ကိုလည်း ဆောက်၏။ ထို့နောက် ထို​စပျစ်ခြံ​ကို စပျစ်ခြံလုပ်သားများ​အား ငှားရမ်း​၍ အခြား​တိုင်းပြည်​သို့ သွားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 12:1
38 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။-


သင်​တို့​သည် အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။ သား​အ​ကြီး ဆီ​သို့​သွား၍ ငါ့​သား၊ ယ​နေ့ ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား၍ လုပ်​ဆောင်​လော့​ဟု ဆို​လျှင်၊-


အ​ခြား​သော ဥ​ပ​မာ​ကို​နား​ထောင်​ကြ​လော့။ အိမ်​ရှင်​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ​လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-


အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။-


ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ​လျက်၊ မိ​မိ​ငယ်​သား​တို့​ကို​ခေါ်၍ မိ​မိ​ဥ​စ္စာ​များ​ကို အပ်​ပေး၏။ သူ​တို့​သည် အ​သီး​အ​သီး အ​စွမ်း​သ​တ္တိ​ရှိ​သည်​အ​တိုင်း၊ တစ်​ဦး၌ ငွေ​အ​ခွက်​ငါး​ဆယ်၊-


အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ယေ​ရှု​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော​ဟု မိန့်​တော်​မူ၏။


ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-


ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။-


ထို​အ​ခါ ဥ​ပ​မာ​စ​ကား​အား​ဖြင့် များ​စွာ​သော​ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး၍ မြွက်​ဆို​တော်​မူ​သည်​မှာ၊-


ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊-


အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။-


သူ​တို့​က​လည်း၊ အ​ဘယ်​အ​ရပ်၌ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-


ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ