အဘယ်ကြောင့်ဆိုသော် လူသည် စိတ်နှလုံးဖြင့် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရပြီး နှုတ်ဖြင့် ဝန်ခံ၍ ကယ်တင်ခြင်းခံရသောကြောင့် ဖြစ်၏။
ရောမ 9:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းအရာများမှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့မှာ ဘုရားသခင်သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်းစံနှုန်းတို့ကို မီအောင် မလိုက်နိုင်သော်လည်း ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်းမှာ ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။ Common Language Bible ငါတို့ဆိုလိုသည်မှာဤသို့တည်း။ ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံနိုင်ရန်မကြိုး ပမ်းသောလူမျိုးခြားတို့သည် ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြ၏။- Garrad Bible သို့ ဖြစ် လျှင် မည် သို့ ဆို ရ အံ့ နည်း။ ဖြောင့် မတ် ခြင်း ကို မ လိုက် မ ရှာ သော လူ မျိုး ခြား တို့ သည် ယုံ ကြည် ခြင်း ကြောင့် ဖြစ် သော ဖြောင့် မတ် ခြင်း ကို ခံ ရ ကြ ရာ၊ Judson Bible ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်း ဟူမူကား၊ ဖြောင့်မတ်ခြင်းကို မီအောင်မလိုက်သော တစ်ပါးအမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မီသော ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကိုရရှိရန် မကြိုးစားသောလူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကိုခံယူရရှိကြ၏။ တစ်နည်းဆိုသော် ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်းဖြစ်၏။ |
အဘယ်ကြောင့်ဆိုသော် လူသည် စိတ်နှလုံးဖြင့် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရပြီး နှုတ်ဖြင့် ဝန်ခံ၍ ကယ်တင်ခြင်းခံရသောကြောင့် ဖြစ်၏။
ထို့နောက် ဘုရားသခင်က “ငါ့ကို မရှာသောသူတို့သည် ငါ့ကို တွေ့ကြ၏။ ငါ့အကြောင်းကို မမေးသောသူတို့အား ငါသည် ကိုယ်ထင်ပြ၏” ဟု မိန့်တော်မူကြောင်း ဟေရှာယသည် ရဲဝံ့စွာ ဖော်ပြထား၏။
သို့ရာတွင် ယုံကြည်ခြင်းနည်းလမ်းအရ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းကမူ “ ‘ခရစ်တော်ကို ဤလောကသို့ ခေါ်ဆောင်ရန် ကောင်းကင်ဘုံသို့ မည်သူတက်မည်နည်း’ ဟူ၍ သင့်စိတ်ထဲ၌ မပြောဆိုနှင့်။
သို့သော်လည်း ကျွန်ုပ်တို့၏ မတရားမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပေါ်လွင်ထင်ရှားစေလျှင် မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့အပေါ် အမျက်တော်ကျရောက်စေတော်မူသော ဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ ဤအရာကို လူသားတစ်ယောက်အနေဖြင့် ကျွန်ုပ်ပြောဆိုခြင်းဖြစ်၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
အာဗြဟံနှင့် သူ၏ မျိုးဆက်များအား ဤကမ္ဘာလောကကို အမွေပေးမည်ဟူသော ဘုရားသခင်၏ကတိတော်မှာ ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းဖြင့် ရသည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းဖြင့် ရ၏။
ထိုယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။
ဤကောင်းချီးမင်္ဂလာသည် အရေပြားလှီးခြင်းမင်္ဂလာကိုခံယူသောသူတို့အတွက်သာ ဖြစ်သလော။ သို့မဟုတ် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသောသူတို့အတွက်လည်း ဖြစ်သလော။ ကျွန်ုပ်တို့ဆိုခဲ့သည့်အတိုင်း အာဗြဟံသည် သူ၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခြင်းခံရ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
သို့ဖြစ်လျှင် ကျွန်ုပ်တို့က ဘုရားသခင်သည် တရားမျှတမှုမရှိ ဟု ဆိုရမည်လော။ ထိုသို့ မဆိုရ။
သို့သော် ဘုရားသခင်၏ ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရရန် ကြိုးပမ်းကြသော အစ္စရေးလူမျိုးတို့မှာ မည်သည့်အခါမျှ မအောင်မြင်ကြ။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရရန် ပညတ်တရားမှာ ခရစ်တော်ကြွလာချိန်ထိ ကျွန်ုပ်တို့၏ အုပ်ထိန်းသူဖြစ်၏။
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။
ကျွန်ုပ်တို့မှာမူ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကတိပြုတော်မူသော ဖြောင့်မတ်ခြင်းကို လက်ခံရရှိမည်ဟု မျှော်လင့်၍ ဝိညာဉ်တော်ကို အမှီပြုလျက် စောင့်မျှော်နေကြ၏။
တစ်ချိန်က သင်တို့သည် ခရစ်တော်နှင့် ကင်းကွာခဲ့ကြ၍ အစ္စရေးလူမျိုးတွင် ပါဝင်ခွင့် မရ၊ ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်များနှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤလောကတွင် ဘုရားသခင်ကို မသိဘဲ နေခဲ့ကြသည်ကို သတိရကြလော့။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
သို့သော် တိမောသေ… သင်သည် ဘုရားသခင်၏လူဖြစ်သောကြောင့် ထိုအရာတို့ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်ရန် အမြဲကြိုးစားလော့။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူများကဲ့သို့ ကိလေသာလွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရားနှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်းတို့ကို ပြုမူ၍ အချိန်အတန်ကြာ နေထိုင်ခဲ့သောကြောင့်ဖြစ်၏။