Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 9:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ထို့ပြင် ဟေရှာယ​က “ကောင်းကင်ဗိုလ်ခြေ​အရှင် ထာဝရဘုရား​သည် ကျွန်ုပ်တို့​အတွက် မျိုးဆက်​ကို ချန်ထားတော်မမူခဲ့​လျှင် ကျွန်ုပ်တို့​သည် သောဒုံမြို့​ကဲ့သို့ ဖယ်ရှားခြင်း​ခံရ​၍ ဂေါမောရမြို့​ကဲ့သို့ ဖျက်ဆီးခြင်း​ကို ခံရကြ​လိမ့်မည်” ဟု ပရောဖက်ပြု​ဟောပြောခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ထို့​အ​ပြင် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​လူ​မျိုး​မ​ပျောက်​ကွယ်​သွား​စေ​ရန် ငါ​တို့​သား​မြေး​အ​ချို့​တို့​ကို​ချမ်း​သာ​ပေး တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည်​သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​၏​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ ကြ​လိမ့်​မည်'' ဟု​ယ​ခင်​က​ဟေ​ရှာ​ယ​ဖော်​ပြ ခဲ့​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ထို နည်း တူ ပင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ တို့၌ မျိုး စေ့ ကို ချန် ထား တော် မ မူ လျှင် ငါ တို့ သည် သော ဒုံ မြို့ ကဲ့ သို့ လည်း ကောင်း၊ ဂေါ မော ရ မြို့ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ခဲ့ ကြ လေ ပြီ ဟု ဟေ ရှာ ယ ဟော နှင့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​သို့​နှင့်​အ​ညီ၊ ဟေ​ရှာ​ယ​သည် အ​ထက်​က ဆို​ပြန်​သည်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ မျိုး​စေ့​ကို ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထို့ပြင် ဟေရှာယ​က “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် ငါ​တို့​အတွက် အမျိုးအနွယ်​ကို​ချန်ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်​ခဲ့​၍ ဂေါမောရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်မည်”​ဟု ကြိုတင်​ပြော​ထား​သည့်​အတိုင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 9:29
15 ပူးပေါင်းရင်းမြစ်များ  

နားထောင်ကြလော့။ သင်တို့​လယ်​၌ ကောက်ရိတ်သော လုပ်သားတို့​ကို သင်တို့​သည် လုပ်အားခ မပေးဘဲ​နေသောကြောင့် ထို​လုပ်အားခများ​သည် အော်ဟစ်ကြ၏။ ကောက်ရိတ်သော​သူတို့​၏ အော်ဟစ်သံ​ကိုလည်း ကောင်းကင်ဗိုလ်ခြေ​အရှင် ထာဝရဘုရား​ကြားတော်မူပြီ။


ထို့နောက် သောဒုံ​နှင့် ဂေါမောရမြို့​တို့​ကို ပြာကျသည့်​တိုင် မီးရှို့​လျက် ပြစ်ဒဏ်​စီရင်တော်မူ​၍ ဘုရားတရားမဲ့သော​သူတို့​ထံ ကျရောက်မည့်​ဘေး​၏ နမူနာ​အဖြစ် ဖော်ပြတော်မူ၏။


ထို​ကဲ့သို့​ပင် သောဒုံမြို့၊ ဂေါမောရမြို့​နှင့် အနီး​ရှိ မြို့များ​မှ မြို့သူမြို့သားတို့​သည် လိင်မှု​ကျူးလွန်​၍ သဘာဝ​နှင့် ဆန့်ကျင်သော​မေထုန်​ကို ပြုကြ​သဖြင့် ထာဝရ​မီး​ဒဏ်​ကို ခံရ၏။ ထို့ကြောင့် ထို​မြို့တို့​သည် သင်ခန်းစာ​ယူစရာ​ဖြစ်လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ