ဘုရားသခင်သည် မိမိအမည်နာမတော်အတွက် လူမျိုးခြားများထဲမှ လူများကို ရွေးချယ်ရန် ထိုသူတို့ထံ ဦးစွာ အကြည့်အရှုကြွတော်မူကြောင်း ပေတရုဟောပြောခဲ့၏။
ရောမ 9:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂျူးလူမျိုးများထဲမှသာမက လူမျိုးခြားများထဲမှလည်း ရွေးကောက်ထားတော်မူ၏။ Common Language Bible ငါတို့သည်ကိုယ်တော်ခေါ်ယူတော်မူသော သူများဖြစ်ကြ၏။ ကိုယ်တော်သည်ငါတို့ကို ခေါ်ယူရာတွင်ယုဒအမျိုးသားများအထဲ မှသာမက လူမျိုးခြားများအထဲမှ လည်းခေါ်ယူတော်မူသတည်း။ Judson Bible ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တစ်ပါးအမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဖွယ်ရှိအံ့နည်း။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါတို့ကို ထိုကရုဏာတော်ဆိုင်ရာအိုးခွက်များအဖြစ် ဂျူးလူမျိုးတို့ထဲမှသာမကဘဲ လူမျိုးခြားတို့ထဲမှလည်း ခေါ်ယူထားတော်မူ၏။ |
ဘုရားသခင်သည် မိမိအမည်နာမတော်အတွက် လူမျိုးခြားများထဲမှ လူများကို ရွေးချယ်ရန် ထိုသူတို့ထံ ဦးစွာ အကြည့်အရှုကြွတော်မူကြောင်း ပေတရုဟောပြောခဲ့၏။
ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိ။ သူတို့၌ သခင်တစ်ပါးတည်း ရှိ၍ ထိုသခင်ထံ ဆုတောင်းသောသူတို့အား ရက်ရောစွာ ပေးသနားတော်မူ၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။