ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ရောမ 8:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ့ဗီဇစိတ်အတိုင်း အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို မနှစ်သက်စေနိုင်ကြ။ Common Language Bible မိမိတို့ဇာတိသဘောအလိုအတိုင်းပြု ကျင့်သူတို့သည် ဘုရားသခင်၏စိတ်တော် နှင့်မတွေ့နိုင်။ Garrad Bible ဘု ရား သ ခင့် စိတ် တော် နှင့် မ တွေ့ နိုင် ကြ။ Judson Bible ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သွေးသားဇာတိအားဖြင့်အသက်ရှင်သောသူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေနိုင်ကြ။ |
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
သူတို့သည် ဘုရားသခင်အကြောင်းကို သိကြသော်လည်း ဘုရားအဖြစ် မကိုးကွယ်၊ ကျေးဇူးလည်းမတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်အကြောင်းကို ပညာမဲ့စွာ တွေးခေါ်လာကြသဖြင့် သူတို့၏ အသိတရားမဲ့သောစိတ်နှလုံး၌ အမှောင်ဖုံးလေ၏။
လူ့ဗီဇစိတ်အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့စဉ်က ပညတ်တရား၏ လှုံ့ဆော်မှုအားဖြင့် ပေါ်ပေါက်လာသော အပြစ်ပြုလိုစိတ်သည် ကျွန်ုပ်တို့အတွင်း၌ သက်ဝင်လှုပ်ရှား၍ သေခြင်းသို့ပို့ဆောင်သည့်အကျင့်ဆိုးကို ဖြစ်စေကြ၏။
သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မရသောသူသည် ခရစ်တော်နှင့် မသက်ဆိုင်။
ကျွန်ုပ်သည် သင်တို့အား စိုးရိမ်ပူပန်မှုနှင့် ကင်းလွတ်စေချင်၏။ အိမ်ထောင်မရှိသောယောက်ျားသည် သခင်ဘုရားကို မည်သို့ နှစ်သက်စေရမည်ကို တွေးတောလျက် သခင်ဘုရား၏ အမှုတော်ကို ဂရုစိုက်တတ်၏။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
သားသမီးတို့… သခင်ဘုရားနှစ်သက်တော်မူသည်နှင့်အညီ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ကောင်းမှုပြုရန်နှင့် သူတစ်ပါးကို ကူညီရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောယဇ်ပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်တော်မူသောကြောင့် ဖြစ်၏။
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ကိုယ်တော်နှစ်သက်တော်မူသောအရာကို လုပ်ဆောင်ကြသောကြောင့် ကိုယ်တော်ထံ တောင်းလျှောက်သမျှကိုလည်း ရရှိကြလိမ့်မည်။