ရောမ 8:8 - Common Language Bible8 မိမိတို့ဇာတိသဘောအလိုအတိုင်းပြု ကျင့်သူတို့သည် ဘုရားသခင်၏စိတ်တော် နှင့်မတွေ့နိုင်။ အခန်းကိုကြည့်ပါ။Garrad Bible8 ဘု ရား သ ခင့် စိတ် တော် နှင့် မ တွေ့ နိုင် ကြ။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထို့ကြောင့် သွေးသားဇာတိအားဖြင့်အသက်ရှင်သောသူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေနိုင်ကြ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 လူ့ဗီဇစိတ်အတိုင်း အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို မနှစ်သက်စေနိုင်ကြ။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-