လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ရောမ 8:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။ Common Language Bible သို့ဖြစ်၍သူတို့အားအဘယ်သူပြစ်ဒဏ် စီရင်မည်နည်း။ ခရစ်တော်စီရင်မည်မဟုတ်။ အသေခံတော်မူသည်သာမက သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော် ယေရှုသည် ဘုရားသခင်၏လက်ယာတော် ဘက်တွင်ထိုင်တော်မူကာ ငါတို့အတွက် ဘုရားသခင်အားအသနားခံလျက်နေ တော်မူ၏။- Garrad Bible အ ပြစ် စီ ရင် ဝံ့ သူ ကား မည် သူ နည်း။ အ သေ ခံ တော် မူ သည် သာ မ ဟုတ်။ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက်၍ ဘု ရား သ ခင့် ယာ ဘက် တော် တွင် စံ သော ခ ရစ် တော် ယေ ရှု သည် ငါ တို့ အ ဖို့ အ သ နား ခံ လျက် နေ တော် မူ၏။ Judson Bible အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက်၊ ငါတို့အဖို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။- မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ထိုအချိန်၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့ကို မေးမြန်းကြလိမ့်မည်မဟုတ်။ ငါအမှန်ဆိုရလျှင် သင်တို့သည် ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ တောင်းသမျှကို ခမည်းတော်သည် ပေးတော်မူလိမ့်မည်။
သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
ခရစ်တော်သည် သေလွန်သောသူများနှင့် အသက်ရှင်သောသူများ၏ အရှင်သခင်ဖြစ်ရန်အတွက် အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
စိတ်နှလုံးကို ဆန်းစစ်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော် တောင်းလျှောက်နေသောအရာကို သိမြင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ကိုယ်စားပြုဆုတောင်းတော်မူသောကြောင့် ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။