ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ရောမ 6:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။ Common Language Bible အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။ Garrad Bible အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။ Judson Bible အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။ |
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သူတို့အား ထာဝရအသက်ကို ငါပေးသဖြင့် သူတို့သည် သေခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ မည်သူမျှ သူတို့ကို ငါ့လက်မှ လုယူသွားနိုင်မည်မဟုတ်။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။
ထိုသို့ပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားကြောင်းကို သိလျက်နှင့်ပင် မိမိတို့ကိုယ်တိုင်ပြုကျင့်သည်သာမက ထိုသို့ပြုကျင့်သောအခြားသူတို့ကိုလည်း အားပေးအားမြှောက်ပြုကြသေး၏။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။
လူတစ်ဦးဖြစ်သော အာဒံ၏အပြစ်ကြောင့် လူများစွာကို သေခြင်းတရားက အုပ်စိုးလျှင် လူတစ်ဦးဖြစ်သော ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ကြွယ်ဝသောဆုကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းဟူသော လက်ဆောင်ကို လက်ခံရရှိသူအပေါင်းတို့က အသက်ရှင်လျက် ပို၍ပင် အုပ်စိုးကြလိမ့်မည်။
ဤသို့ဖြင့် အပြစ်တရားသည် သေခြင်းတရားအားဖြင့် အုပ်စိုးခဲ့သကဲ့သို့ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရရှိစေရန် ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းတရားအားဖြင့် အုပ်စိုးတော်မူ၏။
သင်တို့သည် တစ်စုံတစ်ဦးအား နာခံရန် မိမိကိုယ်မိမိ ဆက်သလျှင် ထိုသူ၏ ကျွန်ဖြစ်လာသည်ကို မသိသလော။ သို့ဖြစ်၍ သင်တို့သည် သင်တို့ကို သေစေမည့်အပြစ်တရား၏ကျွန်လည်း ဖြစ်နိုင်သကဲ့သို့ ဖြောင့်မတ်စွာ နေထိုင်စေမည့်နာခံခြင်း၏ကျွန်လည်း ဖြစ်နိုင်၏။
ထိုစဉ်က ပြုကျင့်ခဲ့သောအရာမှ မည်သည့် အကျိုးကို ရသနည်း။ သင်တို့သည် ယခင်က ကျူးလွန်ခဲ့ဖူးသောအရာများအတွက် ယခုရှက်ကြောက်ရ၏။ ထိုအရာတို့သည် သေခြင်း၌ လမ်းဆုံး၏။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ နတ်မင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ၊ တန်ခိုးအာဏာများဖြစ်စေ၊ အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ မည်သည့်ဖန်ဆင်းခံကမျှ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့ကို ကွဲကွာစေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
ထာဝရအသက်ရရန်လည်း သူတို့မျှော်လင့်နိုင်ကြမည်။ လိမ်လည်ခြင်းနှင့် ကင်းစင်တော်မူသည့် ဘုရားသခင်သည် ဤထာဝရအသက်ကို ပေးရန် ရှေးယခင်မတိုင်မီကပင် ကတိပြုတော်မူခဲ့၏။
ထိုမကောင်းသောတပ်မက်မှုသည် သန္ဓေတည်၍ အပြစ်ကို မွေးဖွား၏။ ထိုအပြစ်သည် ကြီးထွားလာသောအခါ သေခြင်းကို ဖြစ်ပေါ်စေ၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။