သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
ရောမ 6:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း အပြစ်တရားနှင့် အဆက်ပြတ်၍ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်အတွက် အသက်ရှင်သည်ဟု မိမိကိုယ်ကိုယ် မှတ်ယူကြလော့။ Common Language Bible ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။ Garrad Bible ထို နည်း တူ ပင် သင် တို့ သည် အ ပြစ် တ ရား အ ရာ၌ အ သေ ဖြစ် လျက် ဘု ရား သ ခင့် အ ဖို့ မူ ကား ခ ရစ် တော် ယေ ရှု၌ ရှင် နေ သည် ဟု မှတ် ယူ ကြ လော့။ Judson Bible ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍လည်းကောင်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း အပြစ်အရာ၌ သေသောသူဖြစ်ပြီး ဘုရားသခင်၌ ခရစ်တော်ယေရှုအားဖြင့် အသက်ရှင်နေသည်ဟု ကိုယ့်ကိုယ်ကိုယ်မှတ်ယူကြလော့။ |
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
ဉာဏ်ပညာတော်နှင့် ပြည်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်သည် ယေရှုခရစ်တော်အားဖြင့် ထာဝရဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရောမဩဝါဒစာ ပြီးပါပြီ။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်တရားကို ဖျက်ဆီးရန် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူခြင်းဖြစ်၏။ ယခု အသက်ရှင်တော်မူသည်မှာ ဘုရားသခင်အတွက် အသက်ရှင်တော်မူခြင်းဖြစ်၏။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
ထိုသို့မနေရ။ အပြစ်တရားနှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့သည် ထိုအပြစ်ထဲ၌ မည်သို့အသက်ဆက်ရှင်ရဦးမည်နည်း။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ခရစ်တော်နှင့်အတူ သေသဖြင့် ပညတ်တရားအောက်၌ အသက်ရှင်ရသောဘဝကိုလည်း အဆုံးသတ်ပြီဖြစ်၏။ ယခု သင်တို့သည် ဘုရားသခင်အတွက် ကောင်းသောအကျင့်ကို ကျင့်နိုင်ရန် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော အရှင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြ၏။
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။
လက်ရှိအချိန်ကာလ၌ ကျွန်ုပ်တို့ခံရသောဒုက္ခသည် နောင်တွင် ထင်ရှားမည့် ဘုန်းအသရေနှင့် ယှဉ်လျှင် မပြောပလောက်ကြောင်း ကျွန်ုပ်မှတ်ယူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင်တို့ကို အဖိုးအခပေး၍ ရွေးနုတ်ဝယ်ယူတော်မူခဲ့သောကြောင့်ဖြစ်၏။ ထို့ကြောင့် သင်တို့၏ ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေကြလော့။
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ထိုသို့ပြုလျှင် လူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်သော ဘုရားသခင်၏ ငြိမ်းချမ်းခြင်းက သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် သင်တို့၏ စိတ်နှလုံးနှင့် အကြံအစည်တို့ကို ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။
သင်တို့သည် ခရစ်တော်နှင့်အတူ သေ၍ လောကီအခြေခံမူနှင့် အဆက်ပြတ်ကြသည်မှန်လျှင် ဤလောက၏ လက်အောက်ခံကဲ့သို့
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။