ကာလအတန်ကြာသော် ထိုအစေခံတို့၏ သခင်သည် ခရီးမှ ပြန်ရောက်လာ၍ သူတို့နှင့် စာရင်းရှင်းလေ၏။
ရောမ 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျင့်သီလမရှိသော်လည်း ဖြောင့်မတ်သည်ဟု ဘုရားသခင်သတ်မှတ်တော်မူသောသူတို့၏ မင်္ဂလာရှိခြင်းနှင့်ပတ်သက်၍ ဒါဝိဒ်မင်းသည် ဤသို့ဖော်ပြခဲ့၏။ Common Language Bible အကျင့်သီလကိုမထောက်ဘဲဘုရားသခင် သည်ဖြောင့်မတ်သောသူအဖြစ်လက်ခံတော်မူ ခြင်းကို ခံရသောသူသည်မင်္ဂလာရှိကြောင်း ဖော်ပြရာ၌ဒါဝိဒ်မင်းက၊ Garrad Bible ထို အ တူ ဒါ ဝိဒ် မင်း က လည်း ကိုယ် ကျင့် ကင်း လျက် ဖြောင့် မတ် သည် ဟု ဘု ရား သ ခင် မှတ် တော် မူ သူ့ အ ပေါ် တွင် မြွက် ဆို သော မင်္ဂ လာ ကား၊ Judson Bible ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်၍ ဆိုသည်ကား၊- မြန်မာ့စံမီသမ္မာကျမ်း ထို့အတူ ဒါဝိဒ်သည်လည်း ဘုရားသခင်က အကျင့်ကိုမထောက်ဘဲ ဖြောင့်မတ်သည်ဟုသတ်မှတ်တော်မူသောသူ၏မင်္ဂလာကို ပြောဆိုရာတွင် |
ကာလအတန်ကြာသော် ထိုအစေခံတို့၏ သခင်သည် ခရီးမှ ပြန်ရောက်လာ၍ သူတို့နှင့် စာရင်းရှင်းလေ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
သို့ဖြစ်လျှင် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းအတွက် ကြွားဝါစရာရှိသလော။ မရှိပါ။ ထိုကြွားဝါစရာသည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ ပညတ်တရားကို လိုက်နာကျင့်သုံးသောကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့်သာ ဖြစ်၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
ကျွန်ုပ်တို့အကျိုးအတွက်ပါ ရေးထားခြင်းဖြစ်၏။ ကျွန်ုပ်တို့၏သခင် ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ဖြောင့်မတ်သူများအဖြစ် သတ်မှတ်တော်မူမည်။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
“ဒုစရိုက်မှုမှ ခွင့်လွှတ်ခြင်းအခွင့်နှင့် အပြစ်များမှ လွတ်ငြိမ်းခွင့်ရသောသူတို့သည် မင်္ဂလာရှိကြ၏။
ဤကောင်းချီးမင်္ဂလာသည် အရေပြားလှီးခြင်းမင်္ဂလာကိုခံယူသောသူတို့အတွက်သာ ဖြစ်သလော။ သို့မဟုတ် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသောသူတို့အတွက်လည်း ဖြစ်သလော။ ကျွန်ုပ်တို့ဆိုခဲ့သည့်အတိုင်း အာဗြဟံသည် သူ၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခြင်းခံရ၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
ထိုအချိန်က သင်တို့သည် အလွန်ပျော်ရွှင်ခဲ့ကြ၏။ သို့သော် ထိုပျော်ရွှင်မှုသည် ယခုအဘယ်မှာနည်း။ ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏ မျက်စိကိုပင် ထုတ်၍ ကျွန်ုပ်အား လှူဒါန်းခဲ့ကြမည်ဟု ကျွန်ုပ်ပြောဝံ့၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။