Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 4:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ကျွန်ုပ်တို့​အကျိုး​အတွက်​ပါ ရေးထားခြင်း​ဖြစ်၏။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​ကို ကျွန်ုပ်တို့​ယုံကြည်​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ဖြောင့်မတ်သူများ​အဖြစ် သတ်မှတ်တော်မူမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ငါ​တို့​အား​လည်း​ရည်​ညွှန်း​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု အား​ရှင်​ပြန်​ထ​မြောက်​စေ​သော​ဘု​ရား​သ​ခင် ကို ငါ​တို့​ယုံ​ကြည်​သ​ဖြင့်​ငါ​တို့​အား​ဖြောင့် မတ်​သူ​များ​အ​ဖြစ်​ကိုယ်​တော်​လက်​ခံ​မည် ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ငါ​တို့​အ​ကျိုး​အ​လို​ငှာ ရေး​ထား​သ​တည်း။ ငါ​တို့ သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​သူ​ကို ငါ​တို့​သည် ယုံ​ကြည်​လျှင်၊ ထို​ယုံ​ကြည်​ခြင်း​ကို ငါ​တို့၏​ဖြောင့်​မတ်​ခြင်း​ဟု မှတ်​တော်​မူ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ငါ​တို့​အတွက်​ပါ ရေး​ထား​ခြင်း​ဖြစ်​၏။ တစ်နည်းဆိုသော် ငါ​တို့​၏​သခင်​ယေရှု​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​အရှင်​ကို ယုံကြည်​သည့် ငါ​တို့​ကို​လည်း ဖြောင့်မတ်​သည်​ဟု သတ်မှတ်​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 4:24
10 ပူးပေါင်းရင်းမြစ်များ  

ယုံကြည်​၍ နှစ်ခြင်းမင်္ဂလာ ခံယူသော​သူတို့​သည် ကယ်တင်တော်မူ​ခံရမည်။ သို့သော် ယုံကြည်​ရန် ငြင်းဆိုသော​သူတို့​သည် အပြစ်စီရင်တော်မူ​ခံရမည်။


သို့ရာတွင် ဘုရားသခင်​သည် သူ့​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်​စေတော်မူ၏။


သို့သော်လည်း ဘုရားသခင်​သည် ထို​အရှင်​ကို သေခြင်းမှ​ရှင်ပြန်​ထမြောက်စေတော်မူ​၍ သေခြင်းနှင့်​ဆိုင်သော​ဝေဒနာ​မှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုး​သည် ထို​အရှင်​ကို အစဉ်​ချုပ်နှောင်ထား​ရန် မဖြစ်နိုင်​သောကြောင့်​ပင်။


ဘုရားသခင်​သည် ယေရှု​အား သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ​၍ ငါတို့​သည်လည်း ထို​ထမြောက်ခြင်း​၏​သက်သေများ​ဖြစ်ကြ၏။


ထို​ကတိတော်​သည် သင်တို့​မှ​စ၍ သင်တို့​၏​သားသမီးများ​နှင့် ကျွန်ုပ်တို့​၏​ဘုရားသခင် ထာဝရဘုရား​ခေါ်တော်မူသည့် အဝေး​၌ ရှိသော​သူ​အပေါင်းတို့​အတွက် ဖြစ်သည်” ဟု ဟောပြောလေ၏။


ကိုယ်တော်​ကို သေခြင်း​မှ ထမြောက်စေ​၍ ဘုန်းအသရေ​ကို ပေးတော်မူသော ဘုရားသခင်​ကို သင်တို့​သည် ခရစ်တော်​အားဖြင့်​ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​၍ မျှော်လင့်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ