ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ရောမ 2:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ပညတ်ကျမ်းနှင့် အရေပြားလှီးခြင်းမင်္ဂလာကို ရရှိခံယူထားလျက်နှင့် ထိုပညတ်တရားကိုချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း ပညတ်တရားကို လိုက်နာကျင့်သုံးသောလူမျိုးခြားတို့သည် သင်တို့ကို အပြစ်တင်ကြလိမ့်မည်။ Common Language Bible သင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။- Garrad Bible ဇာ တိ မ ဖျက်၊ မ ခံ ရ လျက် ပင် ပ ညတ် တ ရား တော် ကို စောင့် ရှောက် သော ထို သူ သည် ကျမ်း ကိုး နှင့် ထို မင်္ဂ လာ ခံ ခဲ့ သော် လည်း ပ ညတ် တ ရား တော် ကို ကျူး လွန် သော သင့် အား စီ ရင် လိမ့် မည် မ ဟုတ် လော။ Judson Bible အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက် ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့် အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်ခန္ဓာတွင် အရေဖျားမလှီးထားသော်လည်း ပညတ်တရားကို အပြည့်အဝစောင့်ထိန်းသောသူသည် အက္ခရာတင်ထားသောတရားနှင့် အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သောသင့်ကို စီရင်လိမ့်မည်။ |
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ဘုရားသခင်သည် ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် တင်မြှောက်တော်မူ၏။ ဒါဝိဒ်နှင့်ပတ်သက်၍ သက်သေခံတော်မူလျက် ‘ငါ၏စိတ်တော်နှင့်တွေ့သူ၊ ယေရှဲ၏သား ဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါအလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ ဟု မိန့်တော်မူ၏။
ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့် သက်ဆိုင်သောသူတို့အား အကျိုးမယုတ်စေပါ။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ ပညတ်တော်ကို ပြည့်စုံစေ၏။
ဤသို့ဖြင့် သူတို့သည် မိမိတို့၏ နှလုံးသား၌ ဘုရားသခင်၏ ပညတ်တရားကို ရေးမှတ်ထားကြောင်းဖော်ပြကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကိုယ်ပိုင်အသိစိတ်နှင့် အတွေးများက သူတို့ကို ပြစ်တင်တစ်လှည့် ထောက်ခံတစ်လှည့် ပြုလျက်ရှိကြသောကြောင့်ဖြစ်၏။
ပညာမဲ့သူတို့ကို ပဲ့ပြင်၍ ကလေးငယ်တို့ကို သွန်သင်နိုင်သည်ဟု သင်ထင်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ပညတ်တရားက သင့်အား စုံလင်သော အသိပညာနှင့် သမ္မာတရားကို ရရှိစေသည်ဟု သင်ထင်မှတ်သောကြောင့်ဖြစ်၏။
ဘုရားသခင်၏ ပညတ်တရားကို သင်လိုက်နာကျင့်သုံးလျှင် ဂျူးဓလေ့ထုံးတမ်းဖြစ်သော အရေပြားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့သော် ပညတ်တရားကို ချိုးဖောက်ပါက သင်၏ အရေပြားလှီးခြင်းသည် အရေပြားမလှီးသကဲ့သို့ပင်ဖြစ်၏။
အရေပြားလှီးခြင်းမင်္ဂလာကိုမခံယူသော လူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါက သူတို့၏ အရေပြားမလှီးခြင်းကို အရေပြားလှီးခြင်းအဖြစ် ဘုရားသခင်မှတ်ယူတော်မူမည်မဟုတ်လော။
ဂျူးလူမျိုးအစစ်အမှန်မှာ ဘုရားသခင်ရှေ့တော်တွင် အတွင်းစိတ်နှလုံးမှန်ကန်သောသူဖြစ်၏။ စစ်မှန်သော အရေပြားလှီးခြင်းမင်္ဂလာသည်လည်း စာဖြင့်ရေးထားသောပညတ်တရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် စိတ်နှလုံး၌အရေပြားလှီးခြင်းဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှလာသော ချီးမွမ်းခြင်းကိုခံရ၏။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
ထိုသို့ပြုတော်မူခဲ့ခြင်းမှာ လူ့ဗီဇစိတ်အလိုအတိုင်း ပြုမူမနေထိုင်တော့ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော ကျွန်ုပ်တို့သည် ပညတ်တရား၏ ပြဋ္ဌာန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ မခံယူဘဲနေသည်ဖြစ်စေ ထိုအရာသည် အဓိကမကျ။ ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာဆောင်ရွက်ခြင်းသည်သာ အဓိကကျ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပဋိညာဉ်သစ်၏ အမှုကိုဆောင်ရွက်နိုင်သော စွမ်းရည်ကို ပေးတော်မူ၏။ ထိုပဋိညာဉ်သည် စာဖြင့် ရေးသားထားသောပညတ်တရားမဟုတ်၊ ဝိညာဉ်တော်နှင့်ဆိုင်သောတရားဖြစ်၏။ စာဖြင့် ရေးသားထားသောပညတ်တရားသည် အသက်ကို သေစေ၏။ ဝိညာဉ်တော်ကမူ အသက်ကို ရှင်စေတော်မူ၏။
အဘယ်ကြောင့်ဆိုသော် “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ကို လိုက်နာလျှင် ပညတ်တရားအားလုံးကို လိုက်နာရာရောက်သောကြောင့် ဖြစ်၏။
သင်တို့သည် လူမျိုးခြားများအဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများက သင်တို့ကို အရေပြားမလှီးသောသူများဟု ခေါ်ကြ၏။ ထိုသူတို့သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသူများဟု ခေါ်ကြ၏။ ထိုသူတို့၏ အရေပြားလှီးခြင်းသည် ကိုယ်ခန္ဓာပေါ်တွင် လူ့လက်ဖြင့် ပြုလုပ်သော အရာသာ ဖြစ်၏။
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။
စကြဝဠာကို ဘုရားသခင်၏ အမိန့်တော်ဖြင့် ဖန်ဆင်းတော်မူသည်နှင့်အညီ ယခုကျွန်ုပ်တို့မြင်ရသောအရာသည် မမြင်ရသောအရာမှတစ်ဆင့် ဖြစ်တည်လာကြောင်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့နားလည်ကြ၏။