Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 အရေပြားလှီးခြင်း​မင်္ဂလာ​ကို​မခံယူသော လူမျိုးခြားတို့​သည် ပညတ်တရား​၏​ပြဋ္ဌာန်းချက်တို့​ကို လိုက်နာကျင့်သုံး​ပါက သူတို့​၏ အရေပြား​မလှီးခြင်း​ကို အရေပြားလှီးခြင်း​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူမည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သို့ မှန် လျှင် လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သူ သည် ပ ညတ် တော် ပြ ဌာန်း ချက် များ ကို စောင့် ရှောက် က သူ့ မင်္ဂ လာ မဲ့ ခြင်း ကို ခံ ခြင်း ကဲ့ သို့ မှတ် ယူ ရ မည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​မှ​တစ်​ပါး၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည် တ​ရား၌​ပါ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ၏ အ​ရေ​ဖျား​မ​လှီး​ဘဲ​အ​ဖြစ်​ကို အ​ရေ​ဖျား​လှီး​ခြင်း​အ​ဖြစ်​ကဲ့​သို့ မှတ်​ရ​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထို့ကြောင့် အရေဖျား​မ​လှီး​သော​သူ​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို စောင့်ထိန်း​လျှင် သူ​၏​အရေဖျား​မ​လှီး​ခြင်း​သည် အရေဖျား​လှီး​ခြင်း​အဖြစ် သတ်မှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:26
16 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “အို အမျိုးသမီး… သင်​သည် ယုံကြည်ခြင်း​အားကြီးလှ၏။ သင့်​ဆန္ဒ​ရှိသည့်​အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထို​အချိန်​တွင်ပင် ထို​အမျိုးသမီး​၏ သမီး​သည် ကျန်းမာလာလေ၏။


ဘုရားသခင်​၏ ပညတ်တရား​ကို သင်​လိုက်နာကျင့်သုံး​လျှင် ဂျူးဓလေ့ထုံးတမ်း​ဖြစ်သော အရေပြားလှီးခြင်း​မင်္ဂလာ​သည် အကျိုး​ရှိ၏။ သို့သော် ပညတ်တရား​ကို ချိုးဖောက်​ပါက သင်​၏ အရေပြား​လှီးခြင်း​သည် အရေပြား​မလှီး​သကဲ့သို့​ပင်​ဖြစ်၏။


သင်​သည် ပညတ်ကျမ်း​နှင့် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ရရှိ​ခံယူထား​လျက်နှင့် ထို​ပညတ်တရား​ကို​ချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူ​သော်လည်း ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​လူမျိုးခြားတို့​သည် သင်တို့​ကို အပြစ်တင်ကြ​လိမ့်မည်။


ဘုရားသခင် တစ်ဆူတည်း​သာ ရှိတော်မူ၏။ ဂျူးလူမျိုး​ဖြစ်စေ၊ လူမျိုးခြား​ဖြစ်စေ ကိုယ်တော်​ကို ယုံကြည်သော​သူတို့​ကို ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။


ထိုသို့​ပြုတော်မူခဲ့ခြင်း​မှာ လူ့​ဗီဇစိတ်​အလို​အတိုင်း ပြုမူ​မနေထိုင်တော့ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်သော ကျွန်ုပ်တို့​သည် ပညတ်တရား​၏ ပြဋ္ဌာန်းချက်တို့​ကို အပြည့်အဝ​ဖြည့်ဆည်း​နိုင်ရန် ဖြစ်၏။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်​အချက်မှာ အသစ်​ဖန်ဆင်းခံရခြင်း ဖြစ်၏။


သင်တို့​သည် လူမျိုးခြားများ​အဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများ​က သင်တို့​ကို အရေပြား​မလှီးသောသူများ​ဟု ခေါ်ကြ၏။ ထို​သူတို့​သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူထားသူများ​ဟု ခေါ်ကြ၏။ ထို​သူတို့​၏ အရေပြားလှီးခြင်း​သည် ကိုယ်ခန္ဓာ​ပေါ်တွင် လူ့​လက်​ဖြင့် ပြုလုပ်သော အရာ​သာ ဖြစ်၏။


ထို​သူတို့​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူထား​သောကြောင့် မိမိတို့​ကိုယ်ကိုယ် ဘုရားသခင်​၏ လူများ​ဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့​သာလျှင် ဘုရားသခင်​၏ စစ်မှန်သော​လူများ​ဖြစ်ကြ၏။ ကျွန်ုပ်တို့​သည် ဝိညာဉ်တော်​၏ အကူအညီ​ဖြင့် ဘုရားသခင်​ကို ကိုးကွယ်​၍ လူ့​အားထုတ်မှု​အပေါ် အားမကိုးဘဲ ယေရှု​ခရစ်တော် ပြုပေးသော အမှု​အပေါ် အားကိုးကြ၏။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်​သောကြောင့် လူ့​လက်​ဖြင့် ပြုလုပ်ရသော အရေပြားလှီးခြင်း မဟုတ်ဘဲ ခရစ်တော် ပြုလုပ်သော အရေပြားလှီးခြင်း​ကို ခံယူကြ၏။ ခရစ်တော်​သည် သင်တို့​၏ လူ့​ဗီဇစိတ် အပြစ်​ကို ဖယ်ရှား​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ