“ဘုရားသခင်၏အလိုတော်ရှိလျှင် သင်တို့ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့အား နှုတ်ဆက်ပြီးလျှင် ပြစ်ကိလနှင့် အာကုလတို့ကို ဧဖက်မြို့၌ ထားခဲ့၍ ရွက်လွှင့်လေ၏။
ရောမ 15:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့မှသာ ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်အတိုင်း သင်တို့ထံ ဝမ်းမြောက်စွာ ရောက်ရှိ၍ ကျွန်ုပ်တို့အချင်းချင်း အားပေးနိုင်မည် ဖြစ်၏။ Common Language Bible သို့ဖြစ်၍ဘုရားသခင်အလိုတော်ရှိလျှင်ငါ သည်ဝမ်းမြောက်စွာသင်တို့ထံသို့လာ၍ သင်တို့ နှင့်အတူပျော်ရွှင်စွာနားနေခွင့်ကိုရရှိပါလိမ့် မည်။- Judson Bible ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော်မူပါစေသော။ အာမင်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။ |
“ဘုရားသခင်၏အလိုတော်ရှိလျှင် သင်တို့ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့အား နှုတ်ဆက်ပြီးလျှင် ပြစ်ကိလနှင့် အာကုလတို့ကို ဧဖက်မြို့၌ ထားခဲ့၍ ရွက်လွှင့်လေ၏။
ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။
ကျွန်ုပ်သည် သင်တို့ထံသို့ လာသောအခါ ခရစ်တော်၏ ကောင်းချီးမင်္ဂလာ အပြည့်နှင့် ရောက်လာမည်ကို ကျွန်ုပ်သိ၏။
သူတို့သည် ကျွန်ုပ်၏ စိတ်နှင့် သင်တို့၏ စိတ်ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
သို့သော် သခင်ဘုရား အလိုတော်ရှိလျှင် မကြာမီ ကျွန်ုပ်လာခဲ့ပါမည်။ ထိုအခါ ထိုမာနထောင်လွှားသောသူတို့၏စကားထက် သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်ရှိမရှိကိုသာ ကျွန်ုပ်သိမှတ်မည်။
ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့အားရကြ၏။ ကျွန်ုပ်တို့ရရှိသော ခွန်အားအပြင် တိတုသည် သင်တို့အားဖြင့် ဝမ်းမြောက်ရသည်ဖြစ်၍ သူ၏ စိတ်နှလုံးရွှင်လန်းခြင်းကြောင့် ကျွန်ုပ်တို့သည် ပို၍ ဝမ်းမြောက်ကြ၏။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်၏ညီ… သခင်ဘုရားကို ထောက်၍ ကျွန်ုပ်ကို ကျေးဇူးပြုလော့။ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတစ်ဦး အနေဖြင့် ကျွန်ုပ်ကို စိတ်သက်သာစေလော့။
ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။
သို့ဖြစ်၍ “ထာဝရဘုရားအလိုတော်ရှိလျှင် ကျွန်ုပ်တို့သည် အသက်ဆက်ရှင်၍ ဤအမှု၊ သို့မဟုတ် ထိုအမှုကို ပြုပါမည်” ဟုသာ သင်တို့ပြောသင့်၏။