Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 16:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သူတို့​သည် ကျွန်ုပ်​၏ စိတ်​နှင့် သင်တို့​၏ စိတ်​ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သော​သူတို့​ကို အသိအမှတ်​ပြုကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ပြု​စု၍ မ​ပြည့်​စုံ​သ​မျှ​ကို သူ​တို့​သည် ထပ်၍​ပြည့်​စုံ​စေ​သ​ဖြင့်၊ ငါ့​စိတ်​နှင့် သင်​တို့​စိတ်​ကို သက်​သာ​စေ​ကြ​ပြီ။ ထို​သို့​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ငါ​၏​စိတ်​ဝိညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိညာဉ်​တို့​အား ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​ကြ​၏။ သို့ဖြစ်၍ ထိုသို့သော​သူ​တို့​ကို အသိအမှတ်​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:18
14 ပူးပေါင်းရင်းမြစ်များ  

သို့မှသာ ကျွန်ုပ်​သည် ဘုရားသခင်​၏ အလိုတော်​အတိုင်း သင်တို့​ထံ ဝမ်းမြောက်​စွာ ရောက်ရှိ​၍ ကျွန်ုပ်တို့​အချင်းချင်း အားပေးနိုင်မည် ဖြစ်၏။


ဤ​အရာ​အားလုံး​ကြောင့် ကျွန်ုပ်တို့​အားရကြ၏။ ကျွန်ုပ်တို့​ရရှိသော ခွန်အား​အပြင် တိတု​သည် သင်တို့​အားဖြင့် ဝမ်းမြောက်ရသည်​ဖြစ်၍ သူ​၏ စိတ်နှလုံး​ရွှင်လန်းခြင်း​ကြောင့် ကျွန်ုပ်တို့​သည် ပို၍ ဝမ်းမြောက်ကြ၏။


ကျွန်ုပ်တို့​၏ အခြေအနေ​ကို သင်တို့ သိစေ​၍ သူ​သည် သင်တို့​ကို စိတ်ခွန်အား​ပေးရန် သူ့​ကို သင်တို့​ထံ ကျွန်ုပ် စေလွှတ်လိုက်ပါ၏။


ညီအစ်ကို​မောင်နှမ​တို့… ကျွန်ုပ်တို့ တိုက်တွန်း​လို၏။ သင်တို့​အထဲ​တွင် အမှုတော်​ကို ကြိုးစား​ဆောင်ရွက်​၍ ဝိညာဉ်​ရေးရာ​၌ ဦးဆောင်ပြီး သင်တို့​ကို သတိပေး​ဆုံးမ​သွန်သင်နေသော​သူများ​ကို ရိုသေလေးစားကြလော့။


ထို့ကြောင့် ကျွန်ုပ်​၏​ညီ… သခင်ဘုရား​ကို ထောက်​၍ ကျွန်ုပ်​ကို ကျေးဇူးပြုလော့။ ခရစ်တော်​ကို ယုံကြည်သော​ညီအစ်ကို​တစ်ဦး အနေဖြင့် ကျွန်ုပ်​ကို စိတ်​သက်သာစေလော့။


ကျွန်ုပ်​၏​ညီ… သင်​သည် ယုံကြည်သူ​အပေါင်းတို့​၏ စိတ်​ကို လန်းဆန်းစေသည်​ဖြစ်​၍ သင်​၏ ချစ်ခြင်းမေတ္တာ​သည် ကျွန်ုပ်​အား အလွန်​ဝမ်းမြောက်စေ​လျက် စိတ်ခွန်အား​ဖြစ်စေ၏။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား ဟောပြောခဲ့သော သင်တို့​၏​ခေါင်းဆောင်များ​ကို သတိရကြလော့။ သူတို့​၏ အသက်ရှင်​နေထိုင်ပုံ​မှ ရရှိသော အကျိုး​ရလဒ်​ကို ဆင်ခြင်​၍ သူတို့​၏ ယုံကြည်ခြင်း​ကို အတုယူကြလော့။


ကျွန်ုပ်​၏​သားသမီးများ သမ္မာတရား​၌ ကျင်လည်နေကြောင်း ကြားသိ​၍ ဝမ်းမြောက်ရခြင်း​ထက် သာ​၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်​၌​မရှိပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ