Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လေ​မုန် 1:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့ကြောင့် ကျွန်ုပ်​၏​ညီ… သခင်ဘုရား​ကို ထောက်​၍ ကျွန်ုပ်​ကို ကျေးဇူးပြုလော့။ ခရစ်တော်​ကို ယုံကြည်သော​ညီအစ်ကို​တစ်ဦး အနေဖြင့် ကျွန်ုပ်​ကို စိတ်​သက်သာစေလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သို့​ဖြစ်​၍​ငါ့​ညီ၊ သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော် ကို​ထောက်​၍​ငါ့​အား​ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ် တော်​၌​ညီ​အစ်​ကို​အ​နေ​ဖြင့်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အ ချင်း ငါ့ ညီ၊ အ ရှင် ဘု ရား အား ဖြင့် သင့် ထံ မှ အ မြတ် ကို ငါ ရ ပါ စေ။ ခ ရစ် တော် အား ဖြင့် အ သည်း နှ လုံး အေး မြ စေ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ချင်း​ငါ့​ညီ၊ သ​ခင်​ဘု​ရား၌ ငါ့​ကို ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ်​တော်၌ ငါ့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သခင်​ဘုရား​၌ သင့်​ထံမှ အကျိုးကျေးဇူး​ကို​ရရှိ​လို​ပါ​၏။ ခရစ်တော်​အားဖြင့် ငါ​၏​စိတ်နှလုံး​ကို ငြိမ်သက်​ချမ်းသာ​စေ​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လေ​မုန် 1:20
14 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ကျွန်ုပ်​၏ စိတ်​နှင့် သင်တို့​၏ စိတ်​ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သော​သူတို့​ကို အသိအမှတ်​ပြုကြလော့။


ကျွန်ုပ်​သည် သင်တို့​ကို ဝမ်းနည်း​စေမိ​လျှင် ကျွန်ုပ်​ကို ဝမ်းမြောက်​စေမည့်သူ အဘယ်မှာ​ရှိဦးမည်နည်း။ သင်တို့​ကသာ ကျွန်ုပ်​ကို ဝမ်းမြောက်​စေနိုင်၏။ သို့သော်လည်း ကျွန်ုပ်​သည် သင်တို့​ကို ဝမ်းနည်း​စေမိပြီ​မဟုတ်လော။


ဤ​အရာ​အားလုံး​ကြောင့် ကျွန်ုပ်တို့​အားရကြ၏။ ကျွန်ုပ်တို့​ရရှိသော ခွန်အား​အပြင် တိတု​သည် သင်တို့​အားဖြင့် ဝမ်းမြောက်ရသည်​ဖြစ်၍ သူ​၏ စိတ်နှလုံး​ရွှင်လန်းခြင်း​ကြောင့် ကျွန်ုပ်တို့​သည် ပို၍ ဝမ်းမြောက်ကြ၏။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ မေတ္တာ​ကရုဏာ​မျိုး​ဖြင့် သင်တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်ကြောင်း ဘုရားသခင်​သိတော်မူ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ကျွန်ုပ် အလွန်​ချစ်​၍ လွမ်းဆွတ်​သတိရပါ၏။ သင်တို့​ကြောင့် ကျွန်ုပ်​ဝမ်းမြောက်ရ​ပြီး သင်တို့​သည် ကျွန်ုပ်​ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်​ပြောဆိုခဲ့သည့်​အတိုင်း သခင်ဘုရား​အား သစ္စာရှိ​လျက် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ကျွန်ုပ်​ချစ်မြတ်နိုး​လှသော​သြနေသိမ်​ကို သင့်​ထံသို့ ကျွန်ုပ်​ပြန်ပို့လိုက်၏။


ကျွန်ုပ်​၏​ညီ… သင်​သည် ယုံကြည်သူ​အပေါင်းတို့​၏ စိတ်​ကို လန်းဆန်းစေသည်​ဖြစ်​၍ သင်​၏ ချစ်ခြင်းမေတ္တာ​သည် ကျွန်ုပ်​အား အလွန်​ဝမ်းမြောက်စေ​လျက် စိတ်ခွန်အား​ဖြစ်စေ၏။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်ဥစ္စာ​ရှိ​သော်လည်း ဆင်းရဲသော ညီအစ်ကို​မောင်နှမတို့​ကို မြင်​၍ မသနား​ပါက ထို​လူ​၌ ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​သည် မည်သို့​ရှိနိုင်မည်နည်း။


ကျွန်ုပ်​၏​သားသမီးများ သမ္မာတရား​၌ ကျင်လည်နေကြောင်း ကြားသိ​၍ ဝမ်းမြောက်ရခြင်း​ထက် သာ​၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်​၌​မရှိပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ