Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​သောအခါ ခရစ်တော်​၏ ကောင်းချီး​မင်္ဂလာ အပြည့်​နှင့် ရောက်လာမည်​ကို ကျွန်ုပ်​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သင်​တို့​ထံ​လာ​သော​အ​ခါ​ခ​ရစ်​တော်​၏​ကောင်း​ချီး မင်္ဂလာ​အ​ပြည့်​အ​စုံ​နှင့်​ငါ​ရောက်​လာ​မည်​ကို​ငါ သိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 သင် တို့ ထံ ငါ လာ သည့် ကာ လ၌ လည်း ခ ရစ် တော်၏ ကောင်း ကြီး မင်္ဂ လာ အ ပြည့် အ စုံ နှင့် ရောက် လာ မည် ကို ငါ သိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​သော​အ​ခါ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၌​ပါ​သော ကောင်း​ချီး​မင်္ဂ​လာ​ပြည့်​စုံ​ခြင်း​နှင့် ရောက်​လာ​မည်​ကို ငါ​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သင်​တို့​ထံသို့ ငါ​လာ​သောအခါ ခရစ်တော်​၏​ကောင်းချီး​မင်္ဂလာ​အပြည့်အစုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:29
11 ပူးပေါင်းရင်းမြစ်များ  

ဤအရာများ ဖြစ်ပျက်​ပြီးနောက် ပေါလု​သည် ဝိညာဉ်တော်​အားဖြင့် မာကေဒေါနိပြည်​နှင့် အခါယပြည်​တစ်လျှောက်​သွား​ပြီးလျှင် ဂျေရုဆလင်မြို့​သို့ သွား​ရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလု​က “ထို​မြို့​သို့​သွားပြီး​လျှင် ငါ​သည် ရောမမြို့​သို့​လည်း သွားရမည်” ဟု ပြောလေ၏။


သို့သော် ယခု​မှာမူ ထို​အရပ်ဒေသများ​၌ ကျွန်ုပ်​ဟောပြော​ရန် နေရာ မကျန်တော့ပြီ။ ထို့ကြောင့် သင်တို့​ထံ လာ​ရန် နှစ်ရှည်လ​များစွာ ဆန္ဒ​ရှိခဲ့သည့်​အတိုင်း


သို့မှသာ ကျွန်ုပ်​သည် ဘုရားသခင်​၏ အလိုတော်​အတိုင်း သင်တို့​ထံ ဝမ်းမြောက်​စွာ ရောက်ရှိ​၍ ကျွန်ုပ်တို့​အချင်းချင်း အားပေးနိုင်မည် ဖြစ်၏။


ထိုသို့ သင်တို့​သိကြ​လိမ့်မည်​ဟု စိတ်ချယုံကြည်​သောကြောင့် ကျွန်ုပ်​သည် သင်တို့​ထံသို့ နှစ်ကြိမ် လည်ပတ်​၍ နှစ်ဆသော​ကောင်းချီး​ကို ပေးလို၏။


ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့်​တပေါင်းတစည်းတည်း ဖြစ်စေခြင်း​အားဖြင့် ကောင်းကင်​အရပ်​ရှိ ဝိညာဉ်​ရေးရာ ကောင်းချီး​မင်္ဂလာများ​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ အဖ​ဘုရားသခင်​သည် မင်္ဂလာ​ရှိပါစေသော။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ကျွန်ုပ်တို့​အားလုံး​သည် ယုံကြည်ခြင်း​နှင့် ဘုရားသခင်​၏ သားတော်​ကို သိကျွမ်းခြင်းတို့​၌ တညီတညွတ်တည်း ဖြစ်သည့်​တိုင်အောင်​လည်းကောင်း၊ ရင့်ကျက်သည့်​တိုင်အောင်​လည်းကောင်း၊ ခရစ်တော်​၏ ပြည့်စုံခြင်း​စံနှုန်း​ကို မီသည့်​တိုင်အောင်​လည်းကောင်း ဤ​တာဝန်​မှာ ဆက်လက်​ရှိနေမည် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ