သခင်ယေရှုခရစ်တော်အား ကျွန်ုပ်တို့ယုံကြည်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးတော်မူသည့် လက်ဆောင်ကို ထိုသူတို့အားလည်းပေးသနားသောကြောင့် ကျွန်ုပ်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဟန့်တားနိုင်ပါမည်နည်း” ဟူ၍ ဖြစ်၏။
ရောမ 14:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏ အစေခံကို အပြစ်တင်မည်နည်း။ ထိုအစေခံ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ်ဖြစ်သည်၊ မဖြစ်သည်ကို သူ၏ သခင်က ဆုံးဖြတ်လိမ့်မည်။ သူ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို ကူမနိုင်စွမ်းရှိတော်မူသောကြောင့် ဖြစ်၏။ Common Language Bible သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။ Garrad Bible အ ရှင် တစ် ပါး၏ အ စေ ခံ ကို စီ ရင် သော သင် ကား မည် သူ နည်း။ ထို သူ တည် ရ ခြင်း၊ မ တည် ရ ခြင်း သည် ကိုယ့် အ ရှင် နှင့် သာ ဆိုင်၏။ တည် နေ စေ ရန် အ ရှင် ဘု ရား၌ တန် ခိုး ရှိ တော် မူ သော ကြောင့် သူ တည် နေ လိမ့် မည်။ Judson Bible သူတစ်ပါးပိုင်သော လူကို စစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏အပြစ်ကိုလွှတ်ခြင်းငှာ တတ်နိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကိုရပ်စေနိုင်တော်မူ၏။ |
သခင်ယေရှုခရစ်တော်အား ကျွန်ုပ်တို့ယုံကြည်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးတော်မူသည့် လက်ဆောင်ကို ထိုသူတို့အားလည်းပေးသနားသောကြောင့် ကျွန်ုပ်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဟန့်တားနိုင်ပါမည်နည်း” ဟူ၍ ဖြစ်၏။
အစ္စရေးလူမျိုးတို့သည် မယုံကြည်သောစိတ်ကို စွန့်လျှင် ကိုင်းဆက်ကူးခွင့်ကို ပြန်၍ ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ပြန်၍ ကိုင်းဆက်ကူးစေရန် တတ်နိုင်တော်မူသောကြောင့် ဖြစ်၏။
အစားအစာအားလုံးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို အပြစ်မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီဖြစ်သောကြောင့်ပင်။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
သို့သော် သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသောအရာက ပုံသွင်းသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
သင်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် နောက်ဆုံးသောကာလ၌ ပေါ်လွင်ထင်ရှားရန် အသင့်ရှိသော ကယ်တင်ခြင်းကို ရရှိခံစားနိုင်မည့်အချိန်တိုင်အောင် ဘုရားသခင်သည် မိမိ၏တန်ခိုးတော်ဖြင့် သင်တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်