ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
ရောမ 11:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။- Garrad Bible ညီ အစ် ကို တို့၊ ဉာဏ် ကောင်း သည် ဟု သင် တို့ အ ထင် အ မြင် မ ကြီး စေ ရန် ငါ ဖွင့် ပြ သည့် နက် နဲ ရာ မှာ လူ မျိုး ခြား တို့ စုံ လင် စွာ တိုး ဝင် သည့် တိုင် အောင် ဣ သ ရေ လ အ ချို့ အ ဝက် စိတ် ခဲ ယဉ်း ကြ သော် လည်း၊ Judson Bible ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ် မရှိစေမည်အကြောင်း၊ တစ်ပါးအမျိုးသားအပေါင်းတို့သည် မဝင်မီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်း ဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
သူတို့သည် ဓားဘေးကြောင့် ကျဆုံး၍ နိုင်ငံအသီးသီးသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဂျေရုဆလင်မြို့သည် လူမျိုးခြားတို့ ကြီးစိုးသည့်ခေတ်ကာလ မကုန်ဆုံးမီအထိ ထိုသူတို့၏နင်းခြေခြင်းခံရလိမ့်မည်။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
အစ္စရေးလူမျိုးတို့၏ မနာခံခြင်းသည် လောကီသားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း၊ အစ္စရေးလူမျိုးတို့၏ ဆုံးရှုံးခြင်းသည် လူမျိုးခြားတို့၏ ကြွယ်ဝခြင်းကိုလည်းကောင်း ဖြစ်စေလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သူတို့လက်ခံသောအခါ မည်မျှကြီးသော ကြွယ်ဝမှုကို ဖြစ်စေမည်နည်း။
သင်သည် သဘာဝအတိုင်း ရိုင်းသောသံလွင်ပင်မှ ခုတ်ဖြတ်ခြင်းခံရပြီး ကောင်းသောသံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရလျှင် မူရင်းအကိုင်းအခက်တို့ကိုမူ ၎င်းတို့၏အပင်၌ ပို၍ပင် ကိုင်းဆက်ကူးစေနိုင်မည်မဟုတ်လော။
တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်စွာ နေကြလော့။ နိမ့်ပါးသောသူတို့နှင့် မာနမထောင်လွှားဘဲ ပေါင်းသင်းဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါသည် ပို၍ ပညာရှိသည်ဟု မထင်မှတ်နှင့်။
ကျွန်ုပ်ဟောသော သတင်းကောင်း၌ဆိုထားသည့်အတိုင်း သင်တို့အား ခိုင်ခံ့မြဲမြံစေနိုင်တော်မူသော ဘုရားသခင်သည်သာ ဘုန်းကြီးတော်မူ၏။ ယေရှုခရစ်တော်အကြောင်းဖြစ်သော ဤသတင်းကောင်းက ကာလကြာမြင့်စွာ ကွယ်ဝှက်ထားသည့် ကိုယ်တော်၏ လျှို့ဝှက်နက်နဲသောအကြံအစည်တော်ကို လူမျိုးခြားဖြစ်သော သင်တို့အား ဖော်ပြပေး၏။
ထို့ကြောင့် ဘုရားသခင်သည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… တောကန္တာရ၌ ကျွန်ုပ်တို့၏ ဘိုးဘေးများကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို သင်တို့မသိနားမလည်ဘဲ မနေစေလိုပါ။ သူတို့အားလုံးသည် ဘုရားသခင်စေလွှတ်သော မိုးတိမ်အောက်၌ ခရီးပြုခဲ့ကြပြီး ပင်လယ်၏ အလယ်၌ ဖြတ်လျှောက်ခဲ့ကြ၏။
ညီအစ်ကိုမောင်နှမတို့… ဝိညာဉ်ဆုကျေးဇူးနှင့် ပတ်သက်သောအကြောင်းအရာများကို သင်တို့ မသိနားမလည်ဘဲမနေစေလိုပါ။
ကျွန်ုပ်တို့ပြောဆိုသောပညာစကားမှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်နက်နဲသောဘုရားသခင်၏ ပညာစကားဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မီကပင် ထိုပညာကို ကျွန်ုပ်တို့၏ ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။
အရာအားလုံးကို ဖန်ဆင်းတော်မူသောဘုရားသခင်ထံ၌ ရှေးယခင်မှစ၍ ဝှက်ထားသည့် ဤလျှို့ဝှက်နက်နဲသော အကြံအစည်တော်သည် မည်သည့်အရာဖြစ်ကြောင်း လူအပေါင်းတို့ကို ဖော်ပြနိုင်ရန် ဖြစ်၏။
ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။
ချစ်ရသောသူတို့… ဤအချက်ကို မမေ့နှင့်။ ထာဝရဘုရားအတွက် တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့ဖြစ်၏။ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ဖြစ်၏။
ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်ရမည့်နေ့ရက်တွင် ဘုရားသခင်သည် မိမိအစေအပါး ပရောဖက်များအား ဟောပြောကြေညာတော်မူသည့်အတိုင်း မိမိ၏ လျှို့ဝှက်နက်နဲသောအကြံအစည်သည် ပြီးမြောက်လိမ့်မည်” ဟု ကျိန်ဆို၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မည်သူမျှမရေတွက်နိုင်သော လူအုပ်ကြီးရှိ၏။ သူတို့သည် တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီးနှင့် ဘာသာစကားအသီးသီးပြောသည့်သူများမှ ဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် လက်များ၌ စွန်ပလွံခက်များကိုကိုင်၍ ရာဇပလ္လင်တော်နှင့် သိုးသငယ်တော်ရှေ့၌ ရပ်နေကြ၏။